
-
ကလေး ဒီဇင်ဘာ ၁၂
-
ပြည်သူအခြေပြု တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက် မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်း ဆွေးနွေး ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံး ခန်းမ၌ ကျင်းပကြောင်း သိရသည်။ အခမ်းအနားတွင် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဝင် အတွင်းရေးမှူး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးက အဖွင့်အမှာစကား ပြောကြားပြီး ကလေးမြို့ ခုတင် ၃ဝဝ ဆံ့ အထွေထွေ ရောဂါကုဆေးရုံမှ မြို့နယ်တီဘီအဖွဲ့ ခေါင်းဆောင်က နှုတ်ခွန်းစကား ပြောကြားသည်။
-
ဆက်လက်၍ တီဘီတိုက်ဖျက်ရေး လုပ်ငန်း စီမံချက် အရာရှိက သုံးလပတ်အတွင်း ဆောင် ရွက်ခဲ့သည့် လုပ်ငန်းဆိုင်ရာ အားသာချက်၊ အားနည်းချက်များနှင့် ရလဒ်များကို သုံးသပ်ပြော ကြားပြီး မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်း၏ လုပ်ငန်းစဉ် ဆောင်ရွက်မှုများနှင့် စီမံချက်များ၊ အသင်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို Power Point ဖြင့် အသေးစိတ် ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာသူများ၏ ပြည်သူ အခြေပြု တီဘီရောဂါ တိုက်ဖျက် ရေး စီမံချက်နှင့် ပတ်သက်၍ ဝေဖန် အကြံပြုချက်များအပေါ် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာမှ တာဝန်ရှိသူတို့က ပြန်လည် ရှင်းလင်း ဆွေးနွေးသည်။
-
အဆိုပါ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲသို့ ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တီဘီတိုက်ဖျက် နှိမ်နင်းရေးဌာန အဖွဲ့ခေါင်းဆောင်၊ ဓာတ်ခွဲဌာန၊ ဓာတ်မှန်ဌာန၊ တီဘီဆေး ထုတ်ဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးလက် ကျန်းမာရေး ဌာနမှ ကျန်းမာရေးမှူးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ စုစုပေါင်း လူဦးရေ ၃ဝ ကျော် တက်ရောက် ကြကြောင်းသိရသည်။ ကလေးမြို့၌ မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်း (MHAA) ကို ၂ဝ၁၇ ခုနှစ် ဇွန်လက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အတူ စတင်ရုံးစိုက်ခဲ့ပြီး ယနေ့ချိန် အထိ မြို့နယ်ရှိ ကျေးရွာများမှ လူထု ၆၇၈ဝ၆ ဦးတို့အား ကျန်းမာရေး ပညာပေးနိုင်ခဲ့ကာ တီဘီ သံသယလူနာ ၄၃၁၃ ဦးကို တီဘီရောဂါ ရှိ၊မရှိ စစ်ဆေးနိုင်ရန်နှင့် တီဘီလူနာ ၄ဝ၂ ဦးကို ဆေးကုသမှု ခံယူနိုင်ရန် ကူညီဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။
-
ထယ်လ်ဏ
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment