www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 24, 2018

မြန်မာ့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ အိန္ဒိယနိုင်ငံသို့ ထွက်ခွာ

မြန်မာ့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ  ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ အိန္ဒိယနိုင်ငံသို့ ထွက်ခွာ
-
နေပြည်တော်   ဒီဇင်ဘာ ၂၃ 
-
မြန်မာ့ တပ်မတော်နှင့် အိန္ဒိယ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို တိုးမြှင့် ရန်၊ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရန်အတွက်  မြန်မာ့ တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များနှင့် ဇနီးများပါဝင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော် လေဆိပ်မှ အိန္ဒိယနိုင်ငံ သို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ  အိန္ဒိယနိုင်ငံ စစ်သံမှူး Colonel Naveen Mahajan တို့က လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။ 
-
အဆိုပါမြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များ နှင့် ဇနီးများ အပါအဝင် အင်အား ၁၂ဝ ဦး လိုက်ပါသွား ပြီး အိန္ဒိယနိုင်ငံ၊ ဂါယာမြို့ရှိ အထင်ကရ နေရာ များ၊ သင်တန်းကျောင်းများ၊ စေတီ ပုထိုးများနှင့် ဘုန်းတော်ကြီး ကျောင်းများသို့ ဒီဇင်ဘာ ၂၅ ရက်အထိ လေ့လာ လည်ပတ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger