www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 26, 2018

အုတ်ဖိုမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးကျောင်းတော်များ ငါးနှစ်ပြည့် စုံညီပွဲတော်ကျင်းပ

အုတ်ဖိုမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးကျောင်းတော်များ ငါးနှစ်ပြည့် စုံညီပွဲတော်ကျင်းပ
-
အုတ်ဖို ဒီဇင်ဘာ ၂၅ 
-
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် မိုးညိုတန်း ရပ်ကွက် မိုးညိုတန်းလမ်း အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးကွင်း၌ ယနေ့နံနက် ၇ နာရီခွဲတွင် အုတ်ဖိုမြို့နယ် ဓမ္မစကူး ကော်မတီနှင့် ဓမ္မစကူးဖောင်ဒေးရှင်းတို့ ဦးစီးကျင်းပသည့် အုတ်ဖိုမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူး ကျောင်းတော်များ ငါးနှစ်ပြည့် စုံညီပွဲတော် အခမ်းအနား ကျင်းပသည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကာ ဧည့်ပရိသတ်များက ဓမ္မစကူးဖောင်ဒေးရှင်း(ဗဟို) ဥက္ကဋ္ဌ ဆရာတော်ထံမှ သြဝါဒကထာနာ ယူကြသည်။
-
ထို့နောက် အုတ်ဖိုမြို့နယ်တွင် ငါးနှစ်တာ ကာလအတွင်း ဓမ္မစကူးကျောင်းနှင့် ပတ်သက် သည့်ဆောင်ရွက်ချက်များကို မြို့နယ်ဓမ္မစကူး ကော်မတီ အတွင်းရေးမှူး ဆရာတော်က လျှောက်ထား တင်ပြပြီး ဆရာတော်ကြီးများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။
-
ယင်းနောက် အုတ်ဖိုမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူး ကျောင်းတော်များ ငါးနှစ်ပြည့် စုံညီပွဲတော် အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီခရိုင် ဓမ္မစကူး ကော်မတီ ဥက္ကဋ္ဌ ဓမ္မရိပ်ငြိမ်ကျောင်း ဆရာတော် ဘဒ္ဒန္တဝေဠုရိယ၊ အုတ်ဖိုမြို့နယ်ဓမ္မစကူး ကော်မတီ အတွင်းရေးမှူးဆရာတော် ဘဒ္ဒန္တစာရိန္ဒ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဝင်းနိုင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဓမ္မစကူးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဓမ္မစကူးနှင့် သက်ဆိုင်သည့် တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
-
ဆက်လက်၍ အုတ်ဖိုမြို့နယ်အတွင်းရှိ ဓမ္မစကူးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေး များအား စမ္မစကူးနှင့် သက်ဆိုင်သည့် ဥာဏ်စမ်းမေးခွန်းများ မေးမြန်းကာ ထူးချွန်စွာ ဖြေဆိုနိုင်သူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ကြကြောင်း သိရသည်။ 
-
(၄ဝ၁)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger