www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 24, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ မအူပင်မြို့၌ ကျင်းပ

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ မအူပင်မြို့၌ ကျင်းပ
-
မအူပင်  ဒီဇင်ဘာ  ၂၃ 
-
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌  ယနေ့  နံနက်ပိုင်းတွင် တပ်မတော်ကို  ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပကြောင်း သိရသည်။
-
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် မအူပင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီးမျိုးအောင်(ငြိမ်း) ဦးစီး၍ မအူပင်၊ ဓနုဖြူ၊ ညောင်တုန်း၊ ပန်းတနော်၊ မော်လမြိုင်ကျွန်းမြို့နယ်တို့မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် အင်အား ၄ဝဝ နှင့် တပ်မတော်ကို ချစ်မြတ်နိုးသူ ဒေသခံ ၅၅ဝ စုစုပေါင်းအင်အား ၉၅ဝတို့က  နိုင်ငံတော်အလံများ၊ စစ်မှုထမ်းဟောင်းအလံများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ တပ်မတော် အင်အားချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebookကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ ပြည်သူကို ချစ်သော၊ ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက် ရှာဖွေရေး  ကော်မရှင်၏ မမျှမတ တစ်ဖက်သက် အစီရင်ခံစာ တို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသည်။ 
-
တပ်မတော်ထောက်ခံပွဲများကို  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ပြုလုပ်လျက် ရှိရာ ၂ဝ၁၆  ခုနှစ်မှ ၂ဝ၁၈ ခုနှစ် အထိ ယခုအကြိမ် အပါအဝင် အကြိမ် ၁၅ဝ စုစုပေါင်းအင်အား ၇ဝ၇၄ဝ၅ ဦးဖြင့် ကျင်းပခဲ့ပြီး  နိုင်ငံတစ်ဝန်း တပ်မတော် ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger