
-
နေပြည်တော် ဒီဇင်ဘာ ၁၂
-
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ပြိုင်ပွဲ အမျိုးအစား အလိုက် ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အသင်းလိုက်ဆုရရှိသူများ၊ တစ်ဦးချင်းဆု ရရှိသူများနှင့် ဒိုင်းဆုရရှိသော အသင်းတို့အား တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment