www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 24, 2018

စမ်းချောင်းမြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွား

စမ်းချောင်းမြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွား
-
နေပြည်တော်  ဒီဇင်ဘာ  ၂၃ 
-
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း(မြောက်)ရပ်ကွက်၊ စမ်းချောင်းလမ်းနှင့် ဦးစံငြိမ်းလမ်းထောင့်ရှိ အမှတ်(၆၃)မြေညီထပ်၊ (စြေ-၃၆ယ ဗ-၃)၌ ယနေ့နံနက် ၉ နာရီခွဲတွင် ဒေါ်မော်မော်ခင်(ဘ) 
---- မြို့မရပ်ကွက်၊ ပိုက်လုံးလမ်း၊ ဗဟန်းမြို့နယ် နေသူဖွင့်လှစ်ထားသော  ''အစားတလိုင်း'' အဝစားဟော့ပေါ့ဆိုင်တွင် အလုပ်သမား ချစ်ထူး(ဘ) ဦးမြသိန်းနှင့် ဇာနည်ထွန်း(ဘ)ဦးရင်ထွေးတို့ နှစ်ဦးသည် ဂက်စ်အိုး ချိန်းပြောင်းပြုလုပ်ရာမှ မီးကူး၍ ဆိုင်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့်   မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ် ၁ဝ စီးဖြင့်   ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ မိနစ် ၅ဝ တွင် မီးငြိမ်းသွားခဲ့သည်။
-
အဆိုပါမီးလောင်မှုကြောင့်  ချစ်ထူးနှင့် ဇာနည်ထွန်းတို့နှစ်ဦး၏ မျက်နှာ၊ လည်ပင်း၊ ဝဲ/ယာလက်၊ ခြေထောက်၊ ကျောပြင်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသစေခဲ့ကြောင်းနှင့် မီးပေါ့ဆစွာ သုံးစွဲသူများအား စမ်းချောင်းမြို့နယ် ရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး  အမှုဖွင့် ထားရှိကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger