-
နေပြည်တော် ဒီဇင်ဘာ ၁၁
-
တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဖွင့်လှစ်သည့် အခြေခံနှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃/၂ဝ၁၈)ဖွင့်ပွဲကို ဒီဇင်ဘာ ၁ဝ ရက် နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် သင်တန်းသူများ၏ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားနေမှုများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အခြေခံစက်ချုပ် သင်တန်းကို သင်တန်းသူ ၄ဝ ဦးနှင့် အဆင့်မြင့် စက်ချုပ်သင်တန်းကို သင်တန်းသူ ၂ဝ ဦးတို့ဖြင့် ဒီဇင်ဘာ ၁ဝ ရက်မှ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်အထိ ဖွင့်လှစ်၍ အမျိုးသမီးဝတ် အခြေခံနှင့် အမျိုးသမီးဝတ် အဆင့်မြင့်ချုပ်နည်းစနစ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment