www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 12, 2018

ကျိုက်ထီးရိုးစေတီသို့ ကေဘယ်ကား ညပိုင်းတွင် အချိန်တိုးချဲ့ ပြေးဆွဲနိုင်ရေး စီစဉ်

ကျိုက်ထီးရိုးစေတီသို့ ကေဘယ်ကား ညပိုင်းတွင် အချိန်တိုးချဲ့ ပြေးဆွဲနိုင်ရေး စီစဉ်
-
သထုံ ဒီဇင်ဘာ ၁၁ 
-
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး စေတီတော်သို့  ကေဘယ်ကားဖြင့် မူလက နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ပြေးဆွဲပေးသော်လည်း ညပိုင်းတွင် အချိန်တိုးချဲ့ပြေးဆွဲနိုင်ရေး စီစဉ်နေကြောင်း Sky Asia Co.,Ltd.မှ သိရသည်။ ကေဘယ်ကားဖွင့်လှစ်ခြင်း နှစ်ပတ်လည်နေ့ဖြစ်သော ဒီဇင်ဘာ ၁၅ ရက် နောက်ပိုင်းတွင် အချိန်တိုးချဲ့ပြေးဆွဲပေးရန် စီစဉ်နေပြီး ဘုရားဖူးပြည်သူများ ညချမ်းအချိန်အခါတွင် စိတ်လက်အေးချမ်းစွာ ကေဘယ်ကားစီးရင်း တောတောင် ရှုခင်းများ ကြည့်ရှုကာ ဘုရားဖူးနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း Sky Asia Co.,Ltd .မှ အမှုဆောင် ဒါရိုက်တာက ပြောသည်။
-
''ပုံမှန်အားဖြင့်တော့ မနက် ၆၊ ည ၆ ထိပဲ ပြေးဆွဲပေးတာပါ။ ညဘက် စီးရတာနဲ့ ပတ်သက်ပြီး လုံခြုံစိတ်ချရအောင်လည်း ဆောင်ရွက်ထားပါတယ်။ ညဘက်ကေဘယ်စီးတဲ့ အရသာကို ခံစားချင်တဲ့ ဘုရားဖူးပြည်သူတွေ ဒီဇင်ဘာ ၁၅ ရက် နောက်ပိုင်းကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်''ဟု ၎င်းက ဆက်ပြောသည်။ ကေဘယ်ကားဖွင့်လှစ်ခြင်း တစ်နှစ်ပြည့် အဖြစ် ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီမှ ၈ နာရီအထိ အခမဲ့ စီးနင်းနိုင်မည်ဖြစ်သည်။
-
ကေဘယ်ကား တစ်တွဲလျှင် လူရှစ်ဦးအထိ စီးနင်းနိုင်မည်ဖြစ်ပြီး တွဲဆိုင်း ၄၃ဆိုင်းနှင့် အရန်တစ်ဆိုင်း ပြင်ဆင်ထားကာ အများဆုံးကြာချိန်မှာ ရှစ်မိနစ်မှ ၁၅ မိနစ်အတွင်းသာ ကြာမြင့်ကြောင်း သိရသည်။ ကေဘယ်ကား  လိုက်ပါစီးနင်းနေစဉ် ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက စီးနင်းလိုက်ပါသူများ၏ အသက်အာမခံကို IKBZ နှင့်ချိတ်ဆက် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger