www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 2, 2018

INTERNATIONAL MARATHON 2018 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့တပ်မတော် ပြေးခုန်ပစ် အားကစား သမားများ အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာ

International Marathon 2018 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်  မြန်မာ့တပ်မတော် ပြေးခုန်ပစ် အားကစား သမားများ အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာ
-
နေပြည်တော်  နိုဝင်ဘာ  ၁
-
အင်ဒိုနီးရှားနိုင်ငံ၏ (၇၃)ကြိမ်မြောက် အင်ဒိုနီးရှားအမျိုးသားတပ်မတော်နေ့အခမ်း အနား၌ ထည့်သွင်းကျင်းပ မည့် International Marathon 2018 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ် ပြိုင်ကြမည့်  မြန်မာ့ တပ်မတော် ပြေးခုန်ပစ် အားကစားသမားများသည် အုပ်ချုပ်သူနည်းပြ များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် အင်ဒို နီးရှားနိုင်ငံသို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။ 
-
အဆိုပါအားကစားအဖွဲ့တွင် အုပ်ချုပ်သူ နည်းပြနှစ်ဦးနှင့် အားကစားသမားလေးဦး ပါဝင်ပြီး အင်ဒိုနီးရှား အမျိုးသား တပ်မတော်နေ့ အခမ်းအနားတွင် ထည့်သွင်းကျင်းပမည့် International Marathon 2018 ပြိုင်ပွဲသို့ ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲကို နိုဝင်ဘာ ၄ ရက်တွင် ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger