www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 28, 2018

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား နောင်ချိုမြို့၌ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား နောင်ချိုမြို့၌ ဖမ်းဆီးရမိ
-
နေပြည်တော်   နိုဝင်ဘာ  ၂၇
-
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့ ရှိ အေးရှားဝေါလ်တိုးဂိတ်၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်   ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များအား စစ်ဆေးစဉ် နိုဝင်ဘာ ၂၆ ရက် ည ၇ နာရီခန့်တွင် ကျောက်မဲမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ ကျော်ဝင်း (ဘ) ဦးကြာထွန်း မောင်းနှင်လာသည့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက် အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၆ဝ ပြားနှင့် ဆပ်ပြာခွက်လေးခွက်ဖြင့်  ထည့်ထားသော ဘိန်းဖြူအမှုန့် ၄၄ ဂရမ်ခန့်(စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၈၇ သိန်းကျော်) နှင့်အတူ  ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား နောင်ချိုမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger