-
ရန်ကုန် နိုဝင်ဘာ ၁၄
-
ပြည်တွင်းတွင် နိုင်ငံခြားဘဏ်များအား ပြည်တွင်းဘဏ်များ၏ ဝန်ဆောင်မှုများအတိုင်း လုပ်ပိုင်ခွင့်ပေးခြင်းဖြင့် ပြည်တွင်းငွေလွှဲနှုန်းများ ပိုမိုတည်ငြိမ် လာနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ(၂) ဦးစိုးသိန်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
-
ထို့ပြင် စီးပွားရေး လုပ်ငန်းများ အနေဖြင့်လည်း ချေးငွေများ ရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံခြားဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပြည်တွင်းဘဏ်လိုင်စင် ရယူထားသော နိုင်ငံခြားဘဏ် ၁၃ ခု ကိုပြည်တွင်း ကုမ္ပဏီများအား Any Financing and Other Banking Services နှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးရန် နိုဝင်ဘာ ၈ ရက်မှ စတင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
-
ထိုသို့ခွင့်ပြုရာတွင် စီးပွားရေးလုပ်ငန်းများ ဘဏ္ဍာငွေရရှိနိုင်မှု အခွင့်အရေးများ ပိုမိုရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြား ဘဏ်ခွဲများအား ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေး လုပ်ငန်းများသို့ မည်သည့် ချေးငွေဖြည့် ဆည်းမှုကိုမဆို ဆောင်ရွက်ခြင်းနှင့် အခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment