www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 6, 2018

ပွင့်လင်းရာသီတွင် ရန်ကုန်မြို့ပတ်ရထား စီးနင်းသော နိုင်ငံခြားခရီးသွား ဧည့်သည် တစ်ရက်လျှင် ၂ဝဝ ခန့်အထိရှိ

ပွင့်လင်းရာသီတွင် ရန်ကုန်မြို့ပတ်ရထား စီးနင်းသော နိုင်ငံခြားခရီးသွား ဧည့်သည် တစ်ရက်လျှင် ၂ဝဝ ခန့်အထိရှိ
-
ရန်ကုန် နိုဝင်ဘာ ၅ 
-
ပွင့်လင်းရာသီတွင် ရန်ကုန်မြို့ပတ်ရထား စီးနင်းသော နိုင်ငံခြားခရီးသွား ဧည့်သည် တစ်ရက်လျှင် ၂ဝဝ ခန့်အထိရှိပြီး ယခင်ကထက်  ပိုမိုများပြားလာကြောင်း  မြန်မာ့ မီးရထားလုပ်ငန်း တိုင်း (၇) အထွေထွေ မန်နေဂျာ ဦးဇော်လွင်ထံမှ သိရသည်။
-
လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားစီးနင်းသူ   ၇၆ဝဝဝ ခန့်ရှိပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များမှာ   ပုံမှန်ထက် ပိုမိုများလာကြောင်း၊ ခရီးသွားရာသီဖြစ်၍ နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှု များပြားပြီး ရန်ကုန်မြို့ပတ်ရထား စီးရင်း ဓာတ်ပုံရိုက်ကူးမှုများ ရှိကြောင်း သိရသည်။
-
''နိုင်ငံခြားခရီးသွားဧည့်သည်က  ပုံမှန်ထက် ပိုများလာတယ်။ ဒီရက်ပိုင်းမှာ လူဦးရေ ၂ဝဝ လောက်အထိ ရှိလာတယ်။ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေအတွက် လက်မှတ်ခ နှုန်းထားကလည်း ပြည်သူတွေနဲ့အတူတူပါပဲ။ တစ်ရက်ကို မြို့ပတ်ရထားစီးနင်းသူ ဦးရေ  ၇၆ဝဝဝ လောက်ရှိတယ်'' ဟု ဦးဇော်လွင် ကပြောသည်။
-
ရန်ကုန်မြို့ပတ် ရထားလမ်းသည်   ၂၉ ဒသမ ၅ မိုင်ရှိပြီး မြို့ပတ်ဘူတာပေါင်း ၃၈ ဘူတာ၊ ဆင်ခြေဖုံးဘူတာပေါင်း ၁၇ ဘူတာ၊ RBE ရထားတွဲဆိုင်း ၁၂ ဆိုင်း၊ ရထားကြီး ၁၃ ဆိုင်းဖြင့် တစ်ရက်လျှင် အခေါက်ရေ ၂၂ဝ ပြေးဆွဲပေးပြီး လက်မှတ်ခနှုန်းထား အနေဖြင့် ၁၅ မိုင်အတွင်း ငွေကျပ် ၁ဝဝ နှင့် ၁၅ မိုင်အထက် ငွေကျပ် ၂ဝဝ သတ်မှတ် ထားကြောင်း သိရသည်။
-
လက်ရှိတွင် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်လျက် ရှိရာ ရထားလမ်းများ အဆင့်မြှင့်တင်ခြင်း ကို ၂ဝ၂၂ ခုနှစ်တွင် အပြီးဆောင်ရွက်မည်ဖြစ်ကာ  ရထားတွဲဆိုင်း အသစ်များဖြင့် မြန်နှုန်း ၆ဝ ကီလိုမီတာဖြင့် မောင်းနှင်မည် ဖြစ်ကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger