www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 27, 2018

(၂၃)ကြိမ်မြောက် နိုင်ငံတကာ ရဲတီးဝိုင်း ဖျော်ဖြေပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့ သွားရောက်ပါဝင် ဖျော်ဖြေ

(၂၃)ကြိမ်မြောက် နိုင်ငံတကာ ရဲတီးဝိုင်း ဖျော်ဖြေပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့ သွားရောက်ပါဝင် ဖျော်ဖြေ
-
အိမ်ရှင်ထိုင်းနိုင်ငံနှင့် မြန်မာ၊စင်ကာပူ၊ဂျပန် လေးနိုင်ငံ ပါဝင်သော (၂၃)ကြိမ်မြောက် နိုင်ငံတကာ ရဲတီးဝိုင်းဖျော်ဖြေမှု အခမ်းအနား ကို နိုဝင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ထိုင်းနိုင်ငံ  ဗန်ကောက်မြို့ Clock Tower Square of Asiatique The River Front ၌ ပြည်သူလူထုအတွင်း ဖျော်ဖြေ ကျင်းပခဲ့သည်။
-
နိုင်ငံတကာ ရဲတီးဝိုင်းနှင့် တေးသံစုံဖျော်ဖြေပွဲသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲတီးဝိုင်း သွားရောက် ဖျော်ဖြေရခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပြောင်းလဲတိုးတက်လာမှုနှင့် စွမ်းဆောင်နိုင်မှုအား ပြသရန်၊ ထိုင်းနိုင်ငံ ပြည်သူ လူထုနှင့် နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များ အကြား မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် အနုပညာများ အတူတကွ ပူးပေါင်းဖလှယ်ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိရန်၊ မြန်မာနိုင်ငံ ပြည်သူလူထုနှင့် ထိုင်းနိုင်ငံပြည်သူလူထု အကြား ချစ်ကြည် ရင်းနှီးမှုများ ရရှိရန်ဖြစ်ပြီး နိုင်ငံတကာရဲတီးဝိုင်း ဖျော်ဖြေမှုများကို ၁၉၉၆ ခုနှစ်တွင်   ဂျပန်နိုင်ငံ  တိုကျိုမြို့၌စတင် ကျင်းပခဲ့ရာ (၂၂)ကြိမ်မြောက်ကို ရန်ကုန်မြို့၌ လည်းကောင်း၊  (၂၃)ကြိမ်မြောက်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ လည်းကောင်း ကျင်းပ ခဲ့ခြင်းဖြစ်သည်။
-
အလားတူ   နိုင်ငံတကာ ရဲတီးဝိုင်းနှင့် တွဲဖက်၍   တေးသံစုံ ဖျော်ဖြေမှုကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပါဝင်ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger