www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 6, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်/ရေမိုင်လှည့်ကင်းဆောင်ရွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍  မြေပြင်/ရေမိုင်လှည့်ကင်းဆောင်ရွက်
-
နေပြည်တော် နိုဝင်ဘာ  ၅ 
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ(၂) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ အောင်ဇူနယ်မြေရုံးမှ  ရဲမှူးမျိုးမြင့် ဦးစီး သည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၁၁) BGB တပ်ရင်း Nikuchari ကင်းစခန်းမှ  Naib Subedar Md. Mahbubur Rahman ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်၁ဝ နာရီ မိနစ် ၅ဝ မှ မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ အထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်း အတိုင်း  နယ်နိမိတ် မှတ်တိုင်(၄၂)မှ (၄၃)အထိ နှစ်နိုင်ငံ နှစ်ဖက် ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြသည်။
-
အလားတူ ယင်းနေ့ နံနက် ၁ဝ နာရီက မောင်တောမြို့ နယ်မြေ(၃)အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကျီးကျွန်း ရဲကင်းစခန်းမှ ရဲအုပ် ကြည်စိုးဦး စီးသည့် တပ်ဖွဲ့ဝင်များ၊ ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန် သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ် (ဝဝ၂)၊ (ဝဝ၄) နှစ်စင်းဖြင့် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB (2)မှ Subedar Md. Shaik Adul Jalilနှင့်တပ်ဖွဲ့ဝင်များသည် စက်တပ် ရေယာဉ်နှစ်စင်းဖြင့် လည်းကောင်း ရေတွင်း ပြင်ချောင်းဝ နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံနယ် နိမိတ်အနီး ရေမိုင်အမှတ်(၁၅)၌တွေ့ဆုံ၍ ရေယာဉ်လေးစင်းဖြင့် နတ်မြစ်ကြောင်း အတိုင်း ကင်းလှည့်ခဲ့ရာ ၁ဝ နာရီ ၄၅ မိနစ်တွင် သဲချောင်းချောင်းဝ ရေမိုင်အမှတ်(၁၈)သို့ ရောက်ရှိပြီး ရေယာဉ် အမှတ် (ဝဝ၄)ပေါ်၌  နှစ်ဖက်ညှိနှိုင်း ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
-
ရဲပြန်ကြား
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger