www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 28, 2018

ကျေးရွာဖွံ့ ဖြိုးရေး စီမံကိန်းရန်ပုံငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းဆောင်ရွက်

ကျေးရွာဖွံ့ ဖြိုးရေး စီမံကိန်းရန်ပုံငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းဆောင်ရွက်
-
မိတ္ထီလာ နိုဝင်ဘာ ၂၇ 
-
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဒီဒုတ်တောင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
-
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြု ကျေးရွာဖွံ့ဖြိုး ရေးစီမံကိန်း ရေးဆွဲခြင်း အလေ့အထများ ပိုမိုအားကောင်းလာစေရန်နှင့် ကျေးရွာ လူထုကိုယ် တိုင် လိုအပ်သော ရန်ပုံငွေများကို ရေးဆွဲလျာထား၍ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင် ရွက်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် ဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁ဝဝ ကို ပေးအပ်ပြီး ကျေးရွာလူထု ကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက် လျက်ရှိ သည်။
-
ထိုသို့ဆောင်ရွက်ရာတွင် ၂ဝ၁၈ -၂ဝ၁၉ ဘဏ္ဍာနှစ် ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သိန်း၁ဝဝ နှင့် ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေကျပ် ၂၃ ဒသမ ၃ သိန်းဖြင့် လမ်းအရှည် ၁ မိုင်၊ အကျယ် ၁၈ ပေရှိ မြေသားလမ်းခင်းပြီး အဆိုပါ မြေသားလမ်းပေါ်၌ ၆ လက်မထုရှိ ဂျင်း ၂ ဖာလုံ ခင်းခြင်းလုပ်ငန်းနှင့် ရေကျော် တံတားတည်ဆောက်ခြင်းကို နိုဝင်ဘာ ဒုတိယပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၅ဝ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်သည်။
-
၂ဝ၁၈ -၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သိန်း ၁ဝဝ ဖြင့် ဂွေ့အိုင်၊ သီပင်ကုန်း၊ ဆပ်ပြာကျင်း၊ ရေချိုရွာမ၊ ပျော်ကုန်း၊ ဒဟတ္တန်း၊ ဒီဒုတ်တောင် စသည့် ကျေးရွာခုနစ်ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးက ပြောကြားသည်။
-
(၆ဝ၂)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger