www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 6, 2018

ဥပဒေဘာသာပြန် ကော်မရှင် တတိယအကြိမ် အစည်းအဝေး ကျင်းပ

ဥပဒေဘာသာပြန် ကော်မရှင် တတိယအကြိမ် အစည်းအဝေး ကျင်းပ
-
နေပြည်တော်  နိုဝင်ဘာ  ၅
-
ပြည်ထောင်စုရှေ့နေချုပ် ဥက္ကဋ္ဌအဖြစ် ပါဝင်သော ဥပဒေဘာသာပြန် ကော်မရှင်၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
-
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ကော်မရှင်ကို ၂ဝ၁၇ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မရှင်အနေဖြင့် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုရမည်ဖြစ်ကြောင်း၊ ဘာသာပြန်ဆို အတည်ပြုပြီးသည့် ဥပဒေကိုးခုကို ဥပဒေဘာသာပြန် ကော်မရှင်၏ စာအုပ်အမှတ် ၁ နှင့် အမှတ် ၂ တို့ဖြင့် ၂ဝ၁၈ ခုနှစ်  ဇူလိုင်လတွင် ထုတ်ဝေနိုင်ခဲ့ကြောင်း၊ လုပ်ငန်းအဖွဲ့များက ဘာသာပြန်ဆိုထားသည့် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ၊ မြန်မာနိုင်ငံလေကြောင်း သယ်ယူပို့ဆောင်ရေး အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ၊ အမိန့်ဆင့်စာခအက်ဥပဒေ၊ ကိုယ်စား လှယ်၏ ဆောင်ရွက်ပိုင်ခွင့်များ အက်ဥပဒေနှင့် လွှဲအပ်ပစ္စည်း စီမံရေးဝန် အက်ဥပဒေတို့ကို ယခုအစည်းအဝေးတွင် ဆွေးနွေးအတည်ပြုမည်ဖြစ်ကြောင်း၊ ဆက်လက် ဘာသာပြန်ဆိုနေသည့် ဥပဒေ ၁၃ ခုကိုလည်း စတုတ္ထအကြိမ် အစည်းအဝေးတွင် အတည်ပြုနိုင်မည် ဖြစ်ကြောင်း၊ မြန်မာဘာသာသို့ပြန်ဆိုသည့် ဥပဒေများ ဆက်လက်ထုတ်ဝေနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
-
သို့မှသာ ဥပဒေကို လွယ်ကူစွာ လေ့လာသိရှိနိုင်ပြီး   တရားစီရင်ရေး လုပ်ငန်းများတွင် လည်းကောင်း၊ ဥပဒေအသိပညာ ပြန့်ပွားရေး ဆောင်ရွက်ရာတွင် လည်းကောင်း အထောက် အကူပြုမည်ဖြစ်ကြောင်း မှာကြားသည်။
-
အစည်းအဝေးသို့  ဥပဒေဘာသာပြန် ကော်မရှင် အဖွဲ့ဝင်များနှင့်  ဖိတ်ကြားထားသူများ   တက်ရောက်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger