www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 27, 2018

ရန်ကုန်မြို့ ရှိ လူစည်ကားရာလမ်းများ၌ ဆိုင်ခန်းငှားရမ်းခမြင့်တက်နေ၍ တွက်ခြေမကိုက်ဖြစ်နေ

-
ရန်ကုန် နိုဝင်ဘာ ၂၆ 
-
ရန်ကုန်မြို့ရှိ လူစည်ကားရာလမ်းများ၌ ဆိုင်ခန်းငှားရမ်းခ ဈေးနှုန်းများ မြင့်တက်နေ၍ ဆိုင်ခန်း ငှားရမ်းလိုသူများ တွက်ခြေမကိုက်ဖြစ်နေကြောင်း ဆိုင်ခန်းငှားရမ်း၍ ဈေးရောင်းသူများထံမှ သိရသည်။
-
ဆိုင်ခန်းငှားရမ်းခ ဈေးနှုန်းများသည် ယခင်ကထက် တစ်လလျှင် ငွေကျပ်တစ်သိန်းမှ သုံးသိန်း အထိ မြင့်တက်လာကာ အချက်အချာကျပြီး လူစည်ကားသည့် ရန်ကုန်မြို့တွင်း လမ်းမကြီး များရှိ ဆိုင်ခန်းများသည် ဈေးနှုန်း ပိုမိုမြင့်တက်လာကြောင်း သိရသည်။
-
အဓိက လမ်းမကြီးများမှ ဆိုင်ခန်းငှားရမ်းခသည် နေရာပေါ်မူတည်၍ တစ်လလျှင် ငွေကျပ် ၁ဝ သိန်းမှ သိန်း ၃ဝ ဝန်းကျင်အထိရှိပြီး လမ်းမများ၌ ငှားရမ်းနိုင်ခြင်းမရှိသူများသည် လမ်းသွယ် များသို့ ပြောင်းရွှေ့ရောင်းချလာရကြောင်း သိရသည်။
-
လက်ရှိတွင် ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အရောင်းအဝယ် ကောင်းမွန်မှုမရှိ ကြောင်း သိရသည်။ ''ဆိုင်ခန်းငှားရမ်းခ မြင့်လာတော့ မငှားနိုင်သူက များတယ်။ အရင်ဈေး နှုန်း အတိုင်းဆိုရင်တောင် မနည်းရုန်းကန်နေကြရတာ။ ကုန်ဈေးနှုန်းကလည်း တက်လာတော့ ရောင်းအားက အရင်လိုမကောင်းဘူး။ ဒီအခြေအနေမှာ ဆိုင်ခန်းဈေးပါ လိုက်တက်တော့ အဆင်မပြေ ဖြစ်လာကြတယ်။ အခုငှားထားတဲ့နေရာဆိုရင် တစ်လကို ငွေကျပ် ၁၂ သိန်းနဲ့ ငှားထားတာ။ အခုငွေကျပ် ၁၅ သိန်း တိုးတောင်းနေတော့ အဆင်မပြေဘူး။ ဆိုင်ခန်းပိုင်ရှင်နဲ့ တော့ ညှိနှိုင်းနေတယ်။ အဆင်မပြေရင် လမ်းသွယ်ပိုင်းကိုပဲ ပြောင်းရွှေ့ပြီး ရောင်းရမှာပါ။ ထပ်ပြီးတော့ စာချုပ်မချုပ်နိုင်တော့ဘူး'' ဟု ဆိုင်ခန်းငှားရမ်း ရောင်းချနေသူတစ်ဦး ကပြော သည်။
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger