www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 16, 2018

ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာ အနီး၌ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်း ရမိ

ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာ အနီး၌ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်း ရမိ
နေပြည်တော် အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁ဝ နာရီ ခန့်တွင် ကောင်းခါးကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခွဲခန့် အရောက်၍ မူးယစ်ဆေးဝါးများ ချက် လုပ်ရာတွင် အသုံးပြုသည့် အီသိုင်း အီသာ အရည် ၁၅ဝ ဂါလန်ခန့်ပါ သံပီပါသုံးလုံးနှင့် ၃ဝ ဂါလန်ခန့်ပါ ပလတ် စတစ်ပုံး ခြောက်လုံး၊ ဟိုက်ဒရိုကလိုရစ်အက်စစ် ဂါလန် ၅ဝ ခန့်ပါ ပလတ်စတစ်ပီပါ တစ်လုံးနှင့် ၃၇ ဂါလန်ခန့်ပါ ပလတ် စတစ်ပုံး ၃၇ လုံး၊ အက်စီတုံးအက်စစ် ၈၆၅ ဂါလန်ခန့်ပါ ပလတ်စတစ်ပုံး ၁၇၃ လုံး၊ လွိုင်တောအရည် ၅၂၅ ဂါလန်ခန့်ပါ ပလတ်စတစ်ပုံး ၁ဝ၅ ပုံး၊ (စုစု ပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၄ဝဝ ကျော်)တို့ကို ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
-
-
အဆိုပါ သိမ်းဆည်းရမိပစ္စည်းများအား ကွတ်ခိုင်မြို့ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger