www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 2, 2018

မုဒိမ်းမှု စွပ်စွဲခံရခြင်းမှာ လုပ်ကြံမှုသာဖြစ်ဟု စီရော်နယ်ဒိုရှင်းလင်း ပြဿနာ တိုင်းကို ဖြေရှင်းနိုင်မည်ဟု ချစ်သူ ဂျော်ဂျီယာ နာအားပေး


တူရင်   အောက်တိုဘာ     ၁
-
ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် မိမိအား ၂ဝဝ၉ ခုနှစ် ဇွန် ၁၃ ရက်က လက်စ်ဗီးဂတ်ရှိ ဟိုတယ် အိပ်ခန်းအတွင်းမှ  ရေချိုးခန်းထဲတွင်  အလိုမတူဘဲ အကြမ်းဖက်မုဒိမ်းကျင့်ခဲ့သည်ဟု အမေရိကန်သူတစ်ဦး က နီဗားဒါးတရားရုံး၌   အမှုဖွင့်ခြင်းနှင့်ပတ်သက်၍ ထိုစွပ်စွဲမှုများသည် လုပ်ကြံမှုအတုအယောင်များသာ ဖြစ်သည်ဟု စီရော်နယ်ဒိုက အင်စတာဂရမ်တွင် Live လွှင့်ပြီး ဖြေရှင်းခဲ့သည်။
-
အမှုဖြစ်စဉ်သည် ၁ဝ နှစ်နီးပါးကြာပြီဖြစ်ပြီး  ထိုစဉ်က စီရော်နယ်ဒိုမှာ မိမိကိုနာကျင်စေရန် ကြမ်းတမ်းစွာ အလို မတူဘဲ မုဒိမ်းကျင့်ခဲ့ကြောင်း၊ ရဲစခန်းသွားတိုင် သော်လည်း အမှုဖွင့်ရန်မေးသည့်အခါ မိမိအမည် သတင်း ထွက် မည်ကို စိုးရိမ်သလို စီရော်နယ်ဒို၏ နာမည် ဂုဏ်သတင်းကျော်စောမှုသည်လည်း ကြီးမားလွန်း၍ အမှုမဖွင့်ဖြစ် ခဲ့ကြောင်း၊ မုဒိမ်းကျင့်ခံရစဉ် မိမိဘက်မှ မလုပ်ပါနှင့်ဟု အကြိမ်ကြိမ်ငြင်းဆန်သည့်ကြားမှ လုပ်ခဲ့ခြင်းဖြစ်ပြီး  နောက်မှ တရားမစွဲရန် စီရော်နယ်ဒိုက နှုတ်ပိတ်ခအဖြစ် ထိုစဉ်က ရီးယဲလ်တွင် ၎င်းရရှိနေသည့်  တစ်ပတ် လုပ်ခ လစာဝန်းကျင်ရှိသော ပေါင် ၂၈၇ဝဝဝပေးသည်ကို  လက်ခံခဲ့သည်ဟု ယနေ့  အသက် ၃၄နှစ်ရှိပြီဖြစ်သော   ယခင်က  မော်ဒယ်လ်၊  ဟိုတယ် ဝန်ထမ်းနှင့် ယခု မူလတန်းပြ ကျောင်းဆရာမဖြစ်သူ  ကက်သရင်းမာယော်ဂါက ဂျာမန်ဒါစပိုင်ဂယ် မဂ္ဂဇင်း တွင် ဖော်ထုတ်သည်။
-
ထိုသို့မုဒိမ်း ကျင့်ခံရခြင်းကြောင့် မာယော်ဂါသည်  ဒဏ်ရာများဖြင့်  ဆေးရုံတက်ကုသရပြီး  စိတ်ဓာတ်  ကျဆင်း ပြိုလဲ ကာ အရက်အလွန်အကျွံ သောက်ပြီး မိမိ ကိုယ်ကို သတ်သေရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့မိသည် ဟုဆိုသည်။ သို့သော် သူမသည် အမေရိက၌ မုဒိမ်း ကျင့်ခံရသူများ ပွင့်လင်းစွာဖွင့်ပြောပြီး တရားမျှတစွာ အရေးယူရန် လူထုအုံကြွ လှုပ်ရှားမှုဖြစ်သော #MeToo တွင်  ပါဝင်ပြီးနောက် ခံစားခဲ့ရသည်များကို  ပွင့်လင်း စွာပြော ပြီး တရားမျှတရေးကို အလိုရှိသဖြင့် အမှုဖွင့်ရ ခြင်းဖြစ်ကြောင်း ပြောသည်။
-
ထိုသတင်းနှင့်ပတ်သက်ပြီး  စီရော်နယ်ဒိုက  မိမိအင်စတာဂရမ်တွင်  Live တင်၍ ပရိသတ်များကို မဟုတ်မမှန် ဖော်ပြသော သတင်းများ၊  လုပ်ကြံ ဖန်တီးသော သတင်းများဖြစ်ပြီး အဆိုပါမိန်းကလေးသည် မိမိနာမည်ကို အသုံး ချပြီး ကျော်ကြားမှုရစေရန် လုပ်ဆောင်ခြင်း သာ ဖြစ်သည်ဟု ရှင်းလင်းပြောသည်။
-
စီရော်နယ်ဒို၏ ချစ်သူ ဂျော်ဂျီယာ နာရိုဒရီဂွက်ဇ် ကလည်း အင်စတာဂရမ်တွင် '' ကျွန်မရှင့်ကို ချစ်တယ် စီရော် နယ်ဒို။ ရှင်က အမြဲတမ်း ပြဿနာတွေကို ဖြေရှင်းနိုင် ခဲ့သူဖြစ်တယ်။ ရှင်ဘယ်လောက် ကြီးမြတ်သလဲဆိုတာ ပြသလိုက်ပါ''ဟု ရေးတင်ခဲ့သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger