www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 29, 2018

ရွှေပြည်သာ အာနန္ဒာပုံတူ စေတီတော်ရင်ပြင်၌ ဆီမီး ၃ဝဝ

ရွှေပြည်သာ အာနန္ဒာပုံတူ စေတီတော်ရင်ပြင်၌ ဆီမီး ၃ဝဝဝ ပူဇော်
-
ကော့သောင်း အောက်တိုဘာ ၂၈
-
ကော့သောင်းမြို့ ကျက်သရေဆောင် ရွှေပြည်သာအာနန္ဒာပုံတူ စေတီတော်ရင်ပြင်ပေါ်၌ ယမန်နေ့ညပိုင်းက ဆီမီး ၃ဝဝဝ ပူဇော်ပွဲနှင့် မီးပုံးပျံ ၃ဝဝဝ လွှတ်တင်ပူဇော်ပွဲကို တတိယအကြိမ်မြောက်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
-
ပူဇော်ပွဲတွင် တစ်မြို့နယ်လုံးရှိ ဓမ္မစကူးကျောင်း ၂၈ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၅ဝဝဝ ကျော်သည်  သက်ဆိုင်ရာစုရပ် အသီးသီးရှိ ဆီမီးကြာခွက်ငယ်များ ကိုင်ဆောင်စီတန်း၍ စေတီတော်ရင်ပြင်ပေါ်၌ စုရုံးကာ ဆရာတော် သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး အနုမောဒနာတရား နာယူကြသည်။ ထို့နောက် တက်ရောက်လာသည့် ဧည့်ပရိသတ်များနှင့် ကျောင်းသား၊ ကျောင်းသူများက မေတ္တာပို့ဆုတောင်းကြပြီး တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော်မြတ်ကြီးအား ရည်စူးအာရုံပြု၍ ရင်ပြင်တော်တစ်ခွင်လုံး စနစ်တကျ ဆီမီး ၃ဝဝဝ ပူဇော်ကြကာ မီးပုံးပျံအလုံး ၃ဝဝဝ ကိုလည်း တစ်ပြိုင်နက်တည်း လွှတ်တင်ပူဇော်ကြသည်။
-
ဗုဒ္ဓဘာသာယဉ်ကျေးမှု သီတင်းကျွတ်မီးထွန်း ပွဲတော်ကို တစ်မူထူးခြားစွာ စတုဒိသာနိဗ္ဗာန်ဈေး အလှူတော်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပကြောင်း   သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger