
-
နေပြည်တော် အောက်တိုဘာ ၁၆
-
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ရှိ နယ်မြေခံလေ့ကျင့်ရေး ကျောင်းတွင် မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်း တက်ရောက်နေသော တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါကျောင်း၌ သွားရောက်တွေ့ဆုံရာ ကျောင်းအုပ်ကြီးနှင့် အရာရှိ၊ စစ်သည်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
-
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားသည်။ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ သင်တန်းသား စားရိပ်သာသို့ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment