www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 25, 2018

ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းတုံ-မိုင်းလားသွား ကားလမ်း၌ ငွေကျပ်သိန်းပေါင်း ၂၅ဝဝဝ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ




နေပြည်တော် ၂၅-၉-၂ဝ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာ၏ မြောက်ဘက် မီတာ၅ဝဝ ခန့်အကွာရှိ ကျိုင်းတုံ-မိုင်းလားသွား ကားလမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်နှင့် လူဝင်/ထွက်မှုများအား စစ်ဆေးစဉ် စက်တင်ဘာ ၂၃ ရက် နံနက် ၃ နာရီခန့်တွင် ကတ်ဖကျေးရွာဘက်မှ ကျိုင်းတုံမြို့ဘက်သို့ မောင်းနှင်လာသည့် ဖော်ကျူးနားအမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ ယာဉ်ပေါ်ပါသူနှစ်ဦးသည် မော်တော်ယာဉ်အား ပေ ၁ဝဝ ခန့်အကွာ၌ ရပ်တန့်၍ လမ်းဘေးရှိ လယ်ကွင်းအတွင်းသို့ ထွက်ပြေးသွားခဲ့သည်။ 

အဆိုပါမော်တော်ယာဉ်အား သွားရောက်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်းရှိ ပီနံအိတ် လေးလုံးအတွင်းမှ အိုက်စ် ၁ ကီလိုခန့်ပါ အထုပ် ၁ဝဝ ထုပ်၊ ၁ဝဝ ကီလိုခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၂၅ဝဝဝ)၊ အိုက်လုတ် အမည်ပါ မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်တစ်ခု၊ လိုင်စင်ဓာတ်ပုံနှစ်ပုံ၊ အမျိုးသမီးဓာတ်ပုံတစ်ပုံနှင့် မြန်မာငွေရောရာ ငွေကျပ် ၂၁၇ဝဝ တို့ကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ကျိုင်းတုံမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger