www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 25, 2018

ပင်းတယမြို့နယ်၊ နန်းပလန်ကျေးရွာ၌ လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီး




နေပြည်တော် ၂၅-၉-၂ဝ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ တမဲ ကျေးရွာအုပ်စု၊ နန်းပလန် ကျေးရွာ၌ စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ ခန့် တွင် မိုးများသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ညအဆိုပါကျေးရွာရှိ လူနေအိမ်ရှစ်လုံးနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းရှိ ရေလှောင်ကန်အမိုးများ ပျက်စီး မှုများဖြစ်ပေါ်ခဲ့သည်။ 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် အဆောက်အအုံများနှင့် ဘုန်းကြီးကျောင်း ရေလှောင်ကန် အမိုးများအား ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အောင်ပန်းတပ်နယ်မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger