www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 24, 2018

မြိတ်ကျွန်းစုရှိ ပါပန့်ကျွန်း(ခ) စမတ်ကျွန်းကို အပန်းဖြေ ကမ်းခြေ အဖြစ် အကောင်အထည် ဖော်မည်



မြိတ် ၂၄-၉-၂ဝ၁၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု၌ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြိတ်ခရိုင်အတွင်းရှိ ပါပန့် ကျွန်း(ခ)စမတ်ကျွန်းကို အပန်းဖြေ ကမ်းခြေအဖြစ် အကောင် အထည်ဖော်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီး သွား လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ပါပန့်ကျွန်းသည် ဧရိယာ ၅၄၅ ဒသမ ဝ၆ ဧကအထိ ကျယ်ဝန်းပြီး သဲနှင့်ကျောက်စရစ်ခဲများ ရောရာ ကမ်းခြေ တစ်ခုဖြစ်ကာ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ လာရောက် လည်ပတ်ရန် စိတ်ဝင်စားနိုင်သဖြင့် အပန်းဖြေ ကမ်းခြေ တစ်ခုအဖြစ် ဆောင်ရွက်ရန် စီ စဉ်ခြင်း ဖြစ်သည်။

ကမ်းခြေကို နိုင်ငံတကာအဆင့်မီ အပန်း ဖြေကမ်းခြေ တစ်ခုအနေဖြင့် အကောင်အထည်ဖော် မည်ဖြစ်ပြီး ယင်းအပန်းဖြေ ကမ်းခြေ တည်ဆောက်ပြီးလျှင် မြိတ်ကျွန်းစု ဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ ပိုမို လာရောက် လည်ပတ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

''ဒီကျွန်းက အမြဲစိမ်း သစ်တောတွေ ပေါက်ရောက်ရာ ကျွန်းဖြစ်ပါတယ်။ ဒီကျွန်း ကိုသွားရင် တောနက်ထဲကို သွားသလို ခံစားရမယ်။ ရေငန် မဟုတ်ဘဲ ရေချိုထွက်တဲ့ နေရာပါ။ လူသူ အရောက် အပေါက်လည်း နည်းပါ တယ်။ ဒီကျွန်းမှာ သဘာဝ အလှအပ တွေ အများကြီးရှိလို့ အခုလို ဖော်ဆောင်ဖို့ ရည်ရွယ်တာပါ။ မြိတ်မြို့နဲ့ မိုင် ၅ဝ ခန့်အကွာ မှာရှိလို့ နေ့ချင်းပြန် သွားရောက် လည်ပတ်နိုင်မှာပါ'' ဟု ၎င်းကပြောသည်။

လက်ရှိတွင် အဆိုပါ ကျွန်းကို အပန်းဖြေ ကမ်းခြေအဖြစ် ဆောင်ရွက်နိုင်ရန် မြိတ်မြို့ရှိ ဟိုတယ်နှင့် ခရီးသွား လာရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် မြိတ်ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တိုင်းဒေသကြီး အစိုးရထံ တင်ပြ ထားကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger