www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 3, 2018

စဉ့်ကိုင်မြို့နယ်တွင် ဟိုင်းလတ်ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက် ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိ



စဥ့်ကိုင် ၃-၉-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် အုန်းပင်ခြံကျေးရွာ မိုင်တိုင် အမှတ်-၄၁၁/၆တွင် ဟိုင်းလတ် ခရီးသည်တင်ယာဉ်တစ်စီး ယနေ့မွန်းလွဲ ၁ နာရီခန့်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် ၁၁ဦးဒဏ်ရာ ရရှိခဲ့ကြောင်း စဥ့်ကိုင်မြို့မ ရဲစခန်းမှ သိရသည်။

မြစ်သားမြို့နယ်နေသူ ယာဉ်မောင်း ကိုကျော်ထူး မောင်းနှင်လာသော ယာဉ်အမှတ် 5A/----- ဟိုင်းလတ်အဖြူရောင် ခရီးသည် တင်ယာဉ်သည် ခရီးသည်များ တင်ဆောင်၍ မန္တလေး-ရန်ကုန်ကားလမ်း ဟောင်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်လာစဉ် စဥ့်ကိုင်မြို့နယ် အုန်းပင်ခြံကျေးရွာ ထိပ်အရောက် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို ဝင်တိုက်ခဲ့ရာ ယာဉ်မောင်းအပါအဝင် ခရီးသည် ၁၁ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ ) ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ကျော်ထူးကို ဥပဒေအရ အရေးယူပေးရန် ဒုတိယရဲအုပ် စုမြတ်မွန်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် စဥ့်ကိုင်မြို့မရဲစခန်းက ယာဉ် (ပ)၅၁ /၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/၃၃၈အရ အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger