www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 28, 2018

နန်းယွန်းမြို့နယ်တွင် ရာသီတုပ်ကွေးကူးစက်ရောဂါ ကွင်းဆင်းကုသ လူနာ ၄၉ ဦး ကျန်းမာရေးကောင်းမွန်လာ



နန်းယွန်း ၂၈-၈-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ဝမ်နုတ်ကျေးရွာတွင် ဖြစ်ပွားနေသော ဒေသဆိုင်ရာ ရာသီတုပ်ကွေး ကူးစက်ရောဂါ ဖြစ်နေသူ ၁၄၁ ဦးကို ကွင်းဆင်းအဖွဲ့က ဆေးကုသပေးလျက်ရှိရာ ၄၉ဦးသည် ကျန်းမာရေးအခြေအနေ ကောင်းမွန်လာပြီး ၉၂ဦးမှာ ဆေးကုသမှု ဆက်လက်ခံယူလျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာဝင်းလွင်ထံမှ သိရသည်။

ကွင်းဆင်း စောင့်ရှောက်မှု အဖွဲ့သည် သြဂုတ်၂၆ရက်က ငါးနှစ်အောက် ကလေး၅၉ဦးကို ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဓာတ်ခွဲနမူနာများ ရယူခြင်း၊ ဆေးခန်းဖွင့်လှစ် ကုသခြင်းများ ဆောင်ရွက်ခဲ့ရာ သေဆုံးသည့် 
လူနာမရှိကြောင်း သြဂုတ် ၂၆ ရက် သတင်းများအရ သိရသည်။

"နန်းယွန်းမြို့နယ် ကြူးယမ်းကျေးလက် ကျန်းမာရေးဌာန ဟဟောင်ကျေးလက် ကျန်းမာရေးဌာန (ခွဲ) အပိုင် ဝမ်နုတ်ကျေးရွာကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒေသဆိုင်ရာကူးစက် ရောဂါတွေ မျက်ခြည်မပြတ်စောင့်ကြပ်ကြည့်ရှုရေး ဆရာဝန်ကြီး ဒေါက်တာသန္တာလင်း၊ နန်းယွန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းထွန်းဝင်း တို့ဦးဆောင်တဲ့အဖွဲ့က သြဂုတ်၂၅ရက် ကစပြီးလူနာ ၁၄၁ဦးကို ကွင်းဆင်းကုသတာ ၄၉ဦး အခုသက်သာနေပါပြီ"ဟု ဒေါက်တာဝင်းလွင်က ပြောပြသည်။

"လွန်ခဲ့တဲ့နှစ်ပတ်ကျော်က စပြီးရောဂါဖြစ်တယ်လို့ သိရတယ်။ ကုသရေးအဖွဲ့က သြဂုတ်၂ဝမှာ စထွက်တာပါ။ ယူဆရတာပြောရရင် အဓိကက ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရာသီတုပ်ကွေးကို သူတို့ရဲ့ကိုယ်ခံစွမ်းအား နည်းတဲ့အချိန်မှာ တခြားပိုးလေးတွေဝင်ပြီး ဖျားတာပါ။ အရင်နှစ်ကလို အပြင်းဖျားတာ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပဋိဇီဝဆေးပေးတော့ သက်သာသွားတာ တွေ့ရတဲ့အတွက်ပါ"ဟု စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အထူးရောဂါ နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာကျော်သူဆွေက ပြောပြ၍သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger