www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 2, 2018

မက်သာဖက် တမင်းအိုက်(စ်) နှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ



တောင်ကြီး ၂-၇-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် နယ်မြေ (၁၂) ရေသပြေလမ်းရှိ မနန်းမြလင်းဟုန်၏ နေအိမ်အတွင်းမှ မက်သာဖက် တမင်းအိုက်(စ်)နှင့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှတ် (၂၅) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု တောင်ကြီးမှ ဒုတိယရဲမှူး လှထွဋ်၊ ရဲအုပ်ထွန်းမြတ်ဦး ဦးစီးအဖွဲ့သည် ဇွန်၃ဝ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃ဝက သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် နယ်မြေ(၁၂) ရေသပြေလမ်း အမှတ် ဖသ/၃၈၈နေ မနန်းမြလင်းဟုန် (ဘ)ဦးဖုန်းမုံ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ ဝင်ရောက်ရှာဖွေရာ မနန်းမြလင်းဟုန်ကို နေအိမ်အိပ်ခန်းအတွင်း အသင့်တွေ့ရှိရပြီး ၎င်း၏ အိပ်ရာခြေရင်းရှိ အပြာရောင် ခရီးဆောင်အိတ်အတွင်းမှ အဝါရောင် လက်ဖက်ခြောက်အိတ်ဖြင့် ထည့်ထားသော မက်သာ ဖက်တမင်းအိုက်(စ်) ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ အလေးချိန် တစ်ကီလိုဂရမ်ခန့်ပါ တစ်ထုပ်တန်ဖိုးငွေကျပ် သိန်း ၂ဝဝခန့်၊ အဝါရောင်တိပ်ပတ်လျက် အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ် အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂ဝဝ ပါအထုပ် ၅ဝ၊ မိုင်းကိုင်စက္ကူဖြင့် ထုပ်လျက် အပြာရောင် ပလတ်စတစ်ကပ်ခွာ အိတ်အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂ဝဝ ပြားပါ ၁၅ ထုပ်၊ မိုင်းကိုင်စက္ကူဖြင့် ထုပ်လျက် အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်အတွင်းမှ 88/1 စာတန်းပါ နီ/ညိုရောင်စိတ်ကြွ ဆေးပြား ၂ဝဝ စီပါအထုပ် ၃ဝ စုစုပေါင်းစိတ်ကြွ ဆေးပြား ၁၉ဝဝဝ ပြား၊ အလေးချိန် ၁ ဒသမ ၉ ကီလိုဂရမ်ခန့် တန်ဖိုးငွေကျပ် ၁၉ဝဝဝဝဝဝ ခန့်၊နန်းမြလင်းဟုန် အမည်ပါ နိုင်ငံသား စိစစ်ရေးကတ်ပြားတစ်ခု၊ လက်ကိုင်ဖုန်းတစ်လုံး၊ 5K---- HONDA Insight ခဲရောင် မော်တော်ယာဉ်တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ နန်းမြလင်းဟုန်ကို တောင်ကြီးမြို့မ ရဲစခန်းက မယ(ပ)၂၇/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger