နေပြည်တော် ၅-၇-၂ဝ၁၈
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် လှိုင်ရှည်ပြင်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ၃ဝဝခန့် အကွာရှိ ချောင်းအနီး လမုတောအတွင်းသို့ ရောက်ရှိစဉ် အလျား ၃၂ပေ၊ အနံငါးပေ၊ ရေစူးနှစ်ပေခန့်ရှိ လှေတစ်စီးပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ် ၁၁ အိတ် အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၅၉၉ဝဝဝ (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၃၁ဝဝဝကျော်)ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ညောင်ချောင်းနယ်မြေရုံး၌ စနစ်တကျအပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment