www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 4, 2018

ပြည်ပမှ ဝက်သားထွက်ပစ္စည်း တင်သွင်းမှုများ လျှော့ချနိုင်ရေးအတွက် နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည်



ရန်ကုန် ၄-၆-၂ဝ၁၈

လက်ရှိပြည်တွင်း လိုအပ်ချက် အရပြည်ပမှ ဝက်သားနှင့် ဝက်သားထွက်ပစ္စည်းများ တင်သွင်းမှု ရှိနေသော်လည်း တင်သွင်းမှုများ လျှော့ချနိုင်ရေး အတွက်နိုင်ငံတော်နှင့် ပုဂ္ဂလိက ကဏ္ဍပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ပြည်တွင်းမှ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချနေ သော်လည်း ဝက်နှင့် ဝက်သား၊ ဝက်သားထွက်ပစ္စည်းများကို ပြည်တွင်း လိုအပ်ချက်အရ ပြည်ပမှတင်သွင်း နေရဆဲဖြစ်ကာ မျိုးဝင်များကိုလည်း ပြည်တွင်း လိုအပ်ချက်အရ ပြည်ပမှ တင်သွင်းမှာယူ ခဲ့ရသည်။

ထို့ကြောင့် လက်ရှိတွင် ကိုရီးယား နိုင်ငံကုမ္ပဏီတစ်ခုမှ ပြည်တွင်းတွင် ဝက်မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ကာ မျိုးကောင်း၊ မျိုးသန့်ဝက်များဖြန့် ဖြူးရောင်းချ ပေးနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပြည်တွင်း ဝက်မွေးမြူရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်လာပါက ပြည်တွင်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည့် အပြင်ပြည်ပသို့ တင်ပို့ရောင်းချ ပေးနိုင်မည် ဖြစ်သည်။ လက်ရှိပြည်တွင်း အသားစားသုံးမှု အနေဖြင့် ကြက်သား စားသုံးမှုမှာ ၆၅ရာခိုင်နှုန်း၊ ဝက်သားစားသုံးမှု ၃ဝ ရာခိုင်နှုန်းနှင့် အခြားသော အသားငါးစားသုံးမှုမှာ ငါးရာခိုင်နှုန်းရှိကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်းမွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးရေး၊ အသား ကဏ္ဍဖြွံ့ဖိုး တိုးတက်ရေးနှင့်တိရစ္ဆာန် ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိရစ္ဆာန်စာရင်း ကောက်ယူမှု လုပ်ငန်းများကို မြေပြင်ကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger