www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 1, 2018

ပုလဲမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လှိုင်းချောင်း ကွန်ကရစ်ရေကျော် ကမ်းကပ်ခုံနှင့် ကမ်းပါးနံရံ ရေတိုက်စားပျက်စီး



ပုလဲ ၁-၆-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်မေ ၃ဝ ရက်က လှိုင်းချောင်း ကွန်ကရစ်ရေကျော် ကမ်းကပ်ခုံနှင့် ကမ်းပါးနံရံ ရေတိုက်စား၍ ပျက်စီးခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ် အတွင်း မေ ၃ဝ ရက် နံနက် ၃ နာရီ မိနစ်၃ဝမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညနေ ၄ နာရီတွင် ချင်ပြစ်ကျေးရွာအုပ်စု ချင်ပြစ်ကျေးရွာ၏ အရှေ့ဘက် နှစ်ဖာလုံခန့်အကွာ လည်ငေါက်-ချင်ပြစ် ဖွံ့ဖြိုးရေးလမ်းပေါ်ရှိ အလျား ၁၃၅ ပေ၊အနံ ၁၆ပေ၊ အမြင့် လေးပေ အမျိုးအစား လှိုင်းချောင်း ကွန်ကရစ် ရေကျော်သည် လှိုင်းချောင်း ရေတိုက်စား၍ ကမ်းကပ်ခုံနှင့် ကမ်းပါးနံရံ ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါလှိုင်းချောင်း ကွန်ကရစ်ရေကျော်သည် ကျေးရွာနေ ပြည်သူလူထု၏ လှူဒါန်းငွေကျပ်သိန်း ၁၄ဝဖြင့် ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့ကြခြင်း ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လှိုင်းချောင်း ရေတိုက်စားခဲ့သဖြင့်ရေကျော်ကမ်းကပ်ခုံနှင့် ကမ်းပါးနံရံ ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ်သိန်း ၄ဝ ဖြစ်ကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း မြို့နယ်စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger