www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 4, 2018

ပုသိမ်မြို့တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးများထံမှ ပိုက်ဆံအိတ်လုယူထွက်ပြေးခဲ့ သူ သုံးဦးကို နာရီပိုင်းအတွင်း ဖမ်းမိ



ပုသိမ် ၄-၆-၂ဝ၁၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးဆူကျောင်းလမ်းတွင် ဇွန်၂ရက် ည ၈ နာရီခန့်က ဆိုင်ကယ်စီးလာသည့် အမျိုးသမီး သုံးဦးထံမှ ပိုက်ဆံအိတ် လုယူထွက်ပြေးသူ သုံးဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပိုက်ဆံအိတ် လုယူခဲ့သူ သုံးဦးသည် အမျိုးသမီး သုံးဦးစီးလာသည့် ဆိုင်ကယ်နှင့် ယှဉ်ပြီး ဖုန်းနှစ်လုံး ငွေကျပ် ၉ဝဝဝဝ ထည့်လာသည့် ပိုက်ဆံအိတ်ကို ဆွဲလုရာတွင် တစ်ဖက်အမျိုးသမီးက ပိုက်ဆံအိတ်ကို ပြန်လည်ဆွဲလုသဖြင့် ဆိုင်ကယ်ချင်း ထပ်လျက်လဲအကျတွင် ပိုက်ဆံအိတ်ကိုယူကာ အနီးရှိ လူမနေသည့် ခြံထဲသို့ ထွက်ပြေးခဲ့ကြောင်း သိရသည်။

မျက်မြင် တွေ့ရှိသူများ၏ ဖုန်းဆက် အကြောင်းကြားမှုဖြင့် ပုသိမ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ပုန်းနေသူများကို ရှာဖွေရာ ညီအောင် (ခ) ညီညီကို လူမနေသည့် အိမ်ခြံဝင်းနောက် အုတ်တံတိုင်းအနီး ချုံပုတ်အတွင်း မှလည်းကောင်း၊ အံ့ဖွယ်သာ (ခ) အံ့ဖွယ်ဆိုသူကို မြတ်တိုလမ်းဆုံ အနီး၌လည်းကောင်း၊ ရဲလင်းထွန်း (ခ) သာခွားကို ၎င်း၏ နေအိမ်အနီး ရေနုတ်မြောင်း အတွင်း၌လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဖုန်းနှစ်လုံးနှင့်အတူ ငွေကျပ် ၇ဝဝဝဝ ခန့် ပြန်လည် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

"ကောင်ကလေးတွေက အသက် ၂ဝ လောက် အရွယ်ကလေးတွေပါ။ ဒီလိုပဲ လမ်းသွားလမ်းလာ အမျိုးသမီးတွေဆီက လွယ်လို့လုတာပါ။ မှောင်တဲ့နေရာတွေဆို အလုခံရတဲ့ အမျိုးသမီးတွေက လူပုံစံလဲ ပြောမပြတတ်၊ ဆိုင်ကယ် နံပါတ်လဲမတွေ့ ဆိုင်ကယ်အမျိုးအစား တောင်တိတိကျကျ မပြောနိုင်ဆိုတော့ ရဲစခန်းတိုင်လဲ မထူးဘူး။ မတိုင်ဘူးထင်ပြီး လုတာပါ"ဟု ပုသိမ်မြို့မ ရဲစခန်းမှ ရဲအုပ်မြင့်ထွန်းနိုင်က ပြောပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ညီအောင် (ခ) ညီညီ၊ အံ့ဖွယ်သာ (ခ) အံ့ဖွယ်နှင့် ရဲလင်းထွန်း(ခ)သာခွားတို့သုံးဦးကို ပုသိမ်မြို့မရဲစခန်းက (ပ)၂၈၉/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၉၄/၁၁၄(လုယက်မှု)ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger