www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 1, 2018

ဖြူးမြို့နယ် ညောင်ပင်သာမြို့ စက်မှုလယ်ယာ စိုက်ပျိုးရေးရုံးရှေ့တွင် ကုန်တင်တွဲယာဉ်နှစ်စီး တိုက်မိမှုဖြစ်ပွား



ဖြူး ၁-၆-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာမြို့ စက်မှုလယ်ယာ စိုက်ပျိုးရေးရုံးရှေ့တွင် လမ်းဘေး၌ ရပ်ထားသောယာဉ်ကို ကျော်တက်စဉ် တစ်ဖက်မှယာဉ်ကို တွေ့သဖြင့် လမ်းဘေးသို့ ထိုးချရာမှကုန်တင် တွဲယာဉ်နှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကညွတ်ကွင်းမြို့မှ ဖြူးမြို့ဘက်သို့ ယာဉ်မောင်း အောင်နိုင်မျိုး မောင်းနှင်လာသည့် တွဲယာဉ်သည် ယနေ့ နံနက် ၁နာရီ မိနစ်၃ဝခန့်က ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၁၃၆/၇)နှင့် (၁၃၇/ဝ)ကြား၌ လမ်းဘေးတွင် ရပ်ထားသောယာဉ်ကို ကျော်တက်စဉ် လမ်းတစ်ဖက်မှ ယာဉ်မောင်းစောဘွဲ့နေမူး မောင်းနှင်လာသည့် တွဲယာဉ်ကို တွေ့ရှိသဖြင့် လမ်းဘေးသို့ ထိုးချခဲ့သော်လည်း တွဲယာဉ်၏ အလယ်ပိုင်းကို တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း စောဘွဲ့နေမူးတွင် ယာဘက်ဒူးခေါင်း အောက်ပေါက်ပြဲဖူးရောင် ဒဏ်ရာ၊ အောက်နှုတ်ခမ်းစုတ်ပြဲ ဒဏ်ရာများရရှိခဲ့သဖြင့် ညောင်ပင်သာတိုက်နယ် ဆေးရုံသို့ တက်ရောက်ကုသနေကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း အောင်နိုင်မျိုးကို ညောင်ပင်သာ နယ်မြေရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ)၂၁/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၃၈ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger