www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 26, 2018

လိုင်စင်မဲ့ မော်တော်ယာဉ်နှင့်အတူ အကောက်ခွန်မဲ့ သကြားအိတ်များ ဖမ်းမိ



ကျိုက်ထို ၂၆-၆-၂ဝ၁၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာ ရွှေညောင်ပင်ရပ် ရန်ကုန်-မော်လမြိုင်ကား လမ်းတွင် ဇွန် ၂၄ ရက် ညပိုင်းက လိုင်စင်မဲ့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသော အကောက်ခွန်မဲ့ သကြားအိတ်များ ဖမ်းဆီး ရမိခဲ့ကြောင်း သိမ်ဇရပ်နယ်မြေ ရဲစခန်းမှ သိရသည်။

မရမ်းချောင် စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းမောင်းနှင် သွားသည့် မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း နေမျိုးထွန်း ကျိုက်ထိုနေသူ မောင်းနှင်ပြီး ခိုင်လင်းဇော် လိုက်ပါလာသော Probox ယာဉ်ကို စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် တင်ဆောင်လာသော ထိုင်းနိုင်ငံထုတ် MITR KASETR UTHAITHANIC စာတန်းပါ သကြားအိတ် ၃ဝ ကာလတန်ဖိုး ငွေကျပ် ၁၅သိန်းခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၎င်းမောင်းနှင် လာသောယာဉ်ကို စစ်ဆေးရာ မော်တော်ယာဉ်နှင့် ပတ်သက်သော အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း ထပ်မံတွေ့ရှိ ခဲ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်ပေါ်ပါ နေမျိုးထွန်း၊ ခိုင်လင်းဇော်တို့ကို သိမ်ဇရပ်နယ်မြေ ရဲစခန်းက (ပ)၂၇၇/၂ဝ၁၈၊ ပို့ကုန်သွင်းကုန် ပုဒ်မ-၈/၁ဝဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger