www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 7, 2018

စွန့်ပစ်အမှိုက်များကို မီးသွေးတောင့် အဖြစ်ထုတ်လုပ်မည့် စက်ရုံတစ်ရုံ မကွေးမြို့၌ တည်ဆောက်ရန် ဆွေးနွေးနေ



မကွေး ၇-၆-၂ဝ၁၈

မကွေးမြို့ မြောက်ဘက်နှစ်မိုင် ခန့်အကွာရှိ ခုနစ်ဧက အကျယ်အမှိုက်စွန့်ပစ် ကျင်းနေရာတွင် စွန့်ပစ်အမှိုက်များကို မီးသွေးတောင့်အဖြစ် ပြောင်းလဲထုတ်လုပ်မည့် အမေရိကန်ဒေါ်လာ ငါးသန်းတန်ဖိုးရှိ အမှိုက်မီးရှို့စက်ရုံတစ်ရုံ ဆောက်လုပ်ရန် ရည်ရွယ်ထားပြီး စက်ရုံထူထောင်မည့် ကုမ္ပဏီအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။

မကွေးမြို့မှ နေ့စဉ်ထွက်ရှိသော အမှိုက်တန်ချိန် ၆ဝနှင့် တိုးမြှင့်သိမ်းဆည်း သွားမည့် အမှိုက်တန်ချိန် ၄ဝ စုစုပေါင်း အမှိုက်တန်ချိန် ၁ဝဝကို စက်ရုံသို့နေ့စဉ် ပို့ဆောင်ရမည် ဖြစ်ပြီး တစ်တန်လျှင်ဒေါ်လာ ၂ဝဝ တန်ဖိုးရှိ မီးသွေးတောင့် ၃၅ တန်နေ့စဉ် ထုတ်လုပ်မည်ဖြစ်ကာ မကွေးဒေသ ဖွံ့ဖြိုးရေးအတွက် အကျိုးခံစားခွင့် ငါးရာခိုင်နှုန်းရရှိမည့် ဆွေးနွေးမှု လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း သိရသည်။

နားလည်မှု စာချွန်လွှာလက်မှတ် ထိုးပြီးနောက် အမှိုက်ကန် ဆောက်မည့်နေရာ၊ လမ်းကြောင်းများနှင့် အမှိုက်အမျိုး အစားလေ့လာရန် အချိန်သုံးလကြာမည် ဖြစ်ကြောင်း၊ လေ့လာကျေနပ်၍ MoU ထိုးပြီးနောက် စက်ရုံဆောက်ချိန်ခြောက်လကြာမည်ဖြစ်ပြီး သဘောတူညီချက်ကာလမှ နောက်တစ်နှစ်အတွင်း လုပ်ငန်းအကောင်အထည် ပေါ်လာမည်ဖြစ်ကြောင်း၊ ရနိုင်သမျှ တောင်းဆိုမှုများကိုလည်း ညှိနှိုင်းရယူသွားမည် ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး စည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးထင်အောင်ထံမှ သိရသည်။

အမှိုက်ကျင်း ပြဿနာများဖြစ်သည့် မီးရှို့ခြင်း၊ အနံ့အသက်မကောင်းခြင်း၊ ကူးစက်ရောဂါ ပေါက်ပွားခြင်းနှင့် အမှိုက်စား ဗက်တီးရီးယားများ၏ စားသောက်နေထိုင်မှုအရ ဂတ်စ်ထွက်ပေါ်ပြီး မီသိန်းဓာတ်ငွေ့ကြောင့် မီးလောင်မှုများဖြစ်ပေါ်နိုင်ခြင်း တို့ကို ကာကွယ်ရာရောက်ကာ ဒေသအကျိုးပြုနိုင်မည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger