www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 25, 2018

MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲ ထိုးသတ်မည့် အောင်လအန်ဆန်၏ ပြိုင်ဘက် အပြောင်းအလဲဖြစ်ပေါ်



ရန်ကုန် ၂၅-၅-၂ဝ၁၈

အောင်လအန်ဆန်၏ MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲတွင် ပြိုင်ဘက်အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ဂျပန်နိုင်ငံသား ကမ်ဟာဆီဂါဝါနှင့် ယှဉ်ပြိုင်ထိုးသတ် ရမည်ဖြစ်ကြောင်း One Championship အဖွဲ့အစည်းက ယနေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။

အောင်လအန်ဆန်နှင့် ကမ်ဟာဆီဂါဝါတို့ ထိုးသတ်မည့် MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် လုပွဲပါဝင်မည့် ONE: SPIRIT OF A WARRIOR ပြိုင်ပွဲကို လာမည့် ဇွန် ၂၉ရက်ည ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံ လေလုံအားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။

ဂျပန်နိုင်ငံသား MMAကစားသမား ကမ်ဟာဆီဂါဝါသည် နောက်ဆုံးကစားခဲ့သည့် MMA ပွဲစဉ်ငါးပွဲတွင် လေးပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည့် ကစားသမားတစ်ဦးဖြစ်ပြီး အနိုင်ရရှိခဲ့သည့် လေးပွဲတွင်သုံးပွဲမှာ ပထမအချီတွင် အနိုင်ရရှိ ခဲ့သူဖြစ်သည်။

အောင်လအန်ဆန်က ကမ်ဟာဆီဂါဝါနှင့် MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် လုပွဲစဉ်နှင့် ပတ်သက်ပြီး "ကျွန်တော့်အိမ် (မြန်မာနိုင်ငံ)ကို ပြန်ပြီး ကျွန်တော်ရဲ့ ကျွမ်းကျင်မှုနဲ့ အရည်အသွေးတွေကို ဝေမျှရတာဟာ အမြဲတမ်းပဲ ဝမ်းမြောက်ဖွယ်ရာ အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ ချန်ပီယံ တစ်ယောက်အနေနဲ့ လာရောက်ယှဉ်ပြိုင် သူမှန်သမျှကို အလဲထိုးအနိုင်ယူ သွားမှာပါ။ ကမ္ဘာ့အကြီးကျယ်ဆုံး သိုင်းပေါင်းစုံ ကိုယ်ခံပညာယှဉ်ပြိုင်ပွဲကြီးတစ်ခုမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြု ယှဉ်ပြိုင်ရတာ ဂုဏ်ယူမိပါတယ်။ ဒီကမ္ဘာ့ချန်ပီယံ ခါးပတ်ဟာ ကျွန်တော့်အတွက်ရော၊ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်း အစမှာကတည်းက ရပ်တည်ပေးခဲ့တဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ အတွက်ပါ အလွန်အရေးပါတဲ့အရာ ဖြစ်ပါတယ်။ ''Hungry Lion'' လို့ခေါ်ကြတဲ့ ဆာလောင်နေတဲ ခြင်္သေ့လို့ အမည်ရတဲ့ ကမ်ဟာဆီဂါဝါနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီခါးပတ်ကိုကာကွယ်ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားအားထုတ် သွားမှာပါ" ဟုပြောကြားခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger