www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 21, 2018

ရေစကြို မြို့နယ်တွင် ထန်းလုပ်ကွက် ရှားပါးသော်လည်း ထန်းလျက်ရရှိမှုနှင့် ဈေးကောင်းမှုတို့ကြောင့် ထန်းလုပ်ငန်း လုပ်ကိုင်သူများ အပိုဝင်ငွေရရှိနေ



ရေစကြို ၂၁-၅-၂ဝ၁၈

ရေစကြိုမြို့နယ် အတွင်းရှိ ထန်းတောင်သူများ အနေဖြင့် ထန်းလုပ်ငန်း လုပ်ကိုင်ရမည့် လုပ်ကွက်နေရာများ ရှားပါးသော်လည်း ထန်းလျက်ရရှိမှုနှင့် ဈေးနှုန်း ကောင်းမွန်မှုတို့ကြောင့် ထန်းလုပ်ငန်း လုပ်ကိုင်သူများ အပိုဝင်ငွေရရှိနေကြောင်း ရေစကြိုမြို့နယ် ထန်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ရေစကြို မြို့နယ်တွင် ထန်းပင်နှင့် ထန်းတက်သူ နှစ်စဉ်လျော့နည်း လာသည်နှင့်အမျှ ထန်းလုပ်ငန်း လုပ်ကိုင်ရန် ထန်းတောလုပ်ကွက် နေရာများလည်း ရှားပါးလာကြောင်း၊ ထိုသို့ရှားပါးသော်လည်း ယခုအခါ ထန်းလျက်ရရှိမှုနှင့်ဈေးနှုန်း မျှတမှုရှိနေသောကြောင့် ထန်းဖိုရာသီ အချိန်ကစပြီး ထန်းလုပ်ငန်း လုပ်ကိုင်သူများ အပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။

"အခုအချိန်က ထန်းတက်ချင်သူ တွေအတွက် ထန်းပင်ရှားသလို အပင်ရှိပြန်တော့ ထန်းသမားက ရှားလာပါပြီ။ အခု ထန်းတက်နေ သူတွေဆိုရင် လယ်မြေ၊ယာမြေနဲ့ လွတ်ကင်းတဲ့ ထန်းပင်တွေကိုပဲ ရွေးတက်နေရပါတယ်။ ထန်းလုပ်ကွက် အနေနဲ့ရှားပေမယ့် ထန်းလျက်ဈေးနှုန်းက တစ်ပိဿာကို အနည်းဆုံး ငွေကျပ် ၂၃ဝဝရနေတာရယ်၊ ထန်းလျက်အထွက်နှုန်း မှန်နေတာ ရယ်ကြောင့် ဒီနှစ် ထန်းရာသီမှာ နေ့စဉ် အပိုဝင်ငွေရရှိပါတယ်"ဟုကျောက်ခတ်ကြီးကျေးရွာမှ ထန်းလုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းဆိုင်က ပြောပြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်က ရေစကြိုမြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ထန်းလုပ်ငန်းကို များစွာလုပ်ကိုင် ကြသော်လည်း ယခုအခါ သုံးပုံတစ်ပုံသာလုပ်ကိုင် တော့ကြောင်း၊ ထန်းနှင့်ပတ်သက်သည့် လုပ်ငန်းများ ကိုလည်း စိတ်ဝင်စားသူ နည်းပါးနေသေးကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger