www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 28, 2018

ပူရှိန်ပြင်းမှုကြောင့် နွားစာရှားပါးလာကာ နို့ထွက်နှုန်းကျဆင်း နို့စားနွားမွေးမြူသူများ အခက်အခဲဖြစ်နေ



မင်းဘူး ၂၈-၅-၂ဝ၁၈

မင်းဘူးခရိုင် မင်းဘူးမြို့နယ် အတွင်း နို့စားနွားမွေးမြူသူများ ယခုလပိုင်းတွင် နေ့အပူရှိန် မြင့်မားလာမှုကြောင့် နွားစာရှားပါး လာကာနွားစာ ဈေးမြင့်တက်ခဲ့ပြီး နွားနို့ အထွက်နှုန်းများ ကျဆင်းနေသဖြင့် နွားမွေးမြူသူများ အဆင်မပြေဖြစ်ကာ အခက်အခဲ ဖြစ်နေရကြောင်း နို့စားနွား မွေးမြူသူများထံမှ သိရသည်။

နွားမွေးမြူရေး အပိုင်းတွင် မြန်မာနွားအုပ် မွေးမြူသူနှင့် နို့စားနွားမွေးမြူသူဟု နှစ်ပိုင်းရှိပြီး နို့စားနွား မွေးမြူသူများမှာ နွားစာရှားပါးမှုကြောင့် အစာဈေးနှုန်း မြင့်တက်ခြင်းနှင့် နို့အထွက်နည်းခြင်း တို့ကြောင့်ပို၍ အခက်အခဲကြုံတွေ့နေရကြောင်း နို့စားနွားမွေးမြူ သူများထံမှ သိရသည်။

"နို့စားနွားမွေးမြူရေး လုပ်ငန်း လုပ်ကိုင်လာတာ ရှစ်နှစ်ကျော်ပါပြီ။ နွားမတစ်ကောင်ရဲ့ အရင်ကတစ်နေ့တာ နို့ထွက်နှုန်း ရှစ်ပိသာလောက် ထွက်ရှိပြီး အခုအပူရှိန် ပူပြင်းလွန်းတာကြောင့် နို့ထွက်နှုန်း တွေကျဆင်းခဲ့တယ်။ နွားမတစ်ကောင် တစ်နေ့တာ နို့ထွက်နှုန်း ခြောက်ပိဿာလောက်ပဲ ထွက်ပါတယ်"ဟု မင်းဘူးမြို့တမာ တန်းရပ်နေ နို့စားနွားမွေးမြူသူ ဦးဇော်ဦးက ပြောပြသည်။

နို့စားနွား တစ်ကောင်၏ တန်ဖိုးမှာ ငွေကျပ် ၁၅ သိန်းခန့်ရှိပြီး နွားစာအနေဖြင့် တစ်နေ့တာ နွားမတစ်ကောင် ကုန်ကျစရိတ် ငွေကျပ် ၈ဝဝဝ ကုန်ကျကြောင်း၊ ကုလားပဲ၊ နှမ်းဖတ်၊ ဆန်ကွဲ၊ဖွဲတို့နှင့် အစာကြမ်းရော ကျွေးရကြောင်း၊ အစာဈေးနှုန်းများ မြင့်တက်နေသဖြင့် နို့စားနွား မွေးမြူသူများအတွက် နွားနို့ တစ်ပိဿာ ငွေကျပ် ၂ဝဝဝ ဈေးသာရှိသောကြောင့် တွက်ခြေမကိုက်ကြောင်း ၎င်းကဆက်လက် ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger