www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 4, 2018

ဟင်္သာတမြို့လယ်ရှိ သုသာန်ဟောင်းနေရာကို ပန်းခြံပြုလုပ်ခွင့်ရရေး ဆန္ဒထုတ်ဖော်တောင်းဆို



ဟင်္သာတ ၄-၅-၂ဝ၁၈

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့လယ်ရှိ သုသာန်ဟောင်း နေရာကို ပန်းခြံပုလုပ်ခွင့်ရရန် ပန်းခြံဖစ်မြောက်ရေး ကော်မတီက ဦးဆောင်ကာ ဟင်္သာတမြို့ခံလူဦးရေ ၅ဝဝ ခန့်က ယနေ့နံနက်ပိုင်းက ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့ကြကြောင်း ပန်းခြံဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

၎င်းသုသာန် ဟောင်းသည် ၁၉၉၄ခုနှစ် မတ် ၁ရက်မှ စတင်၍ ပိတ်ထားသည့် အစ္စလာမ် ဘာသာဝင်တို့၏ သုသာန်ဖြစ်ပြီး ၎င်းနေရာအစား သုသာန်အသစ်ကိုလည်း ချထားပေးကာ အသုံးပြုနေခြင်းကြောင့် နေရာဟောင်းကို ပြည်သူလူထု အပန်းဖြေရန် ပန်းခြံအဖြစ်ပြောင်းလဲ တည်ဆောက်သွားရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သို့တင်ပြခဲ့သော်လည်း ဝန်ကြီးချုပ်က ဆောင်ရွက်မှု နှောင့်နှေးနေသဖြင့် ဆန္ဒထုတ်ဖော် တောင်းဆိုရခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးကို မေးခဲ့ပါတယ်။ လက်ရှိညှိနှိုင်း နေဆဲပဲ ပြောပါတယ်။ တိကျတဲ့ အဖြေမပေး သေးပါဘူး။ ဒီနေရာကို အများပြည်သူနဲ့ သက်ဆိုင်တဲ့ ကလေးတွေအတွက် ပန်းခြံပဲ ဖြစ်စေချင်ပါတယ်"ဟု ပန်းခြံဖြစ်မြောက်ရေး ကော်မတီဝင် ဦးဖြိုးမြင့်သိန်းက ပြောပြသည်။

သုသာန်ဟောင်း နေရာသည် ဟင်္သာတမြို့၏ ဂုဏ်သရေကို ထိခိုက်သည့် အနေအထား ဖြစ်နေခြင်းကြောင့် ဟင်္သာတမြို့ခံများက သင်္ချိုင်းဟောင်းကို ဖျက်၍ ပန်းခြံအဖြစ် တည်ဆောက်လိုသဖြင့် တင်ပြခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီး အစိုးရက လူထုဆန္ဒမဲ ကောက်ခံ၍ ဆက်လက်လုပ်ဆောင်ရန် ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့်၂ဝ၁၇ ခုနှစ် သြဂုတ် ၂၇ ရက်တွင် ဟင်္သာတမြို့တော် ခန်းမ၌ လူထုဆန္ဒခံယူ ခဲ့ရာကန့်ကွက်မဲ မရှိဘဲ ထောက်ခံမဲ ၆၉၇၆ မဲဖြင့်ပန်းခြံ တည်ဆောက်ရန် ဟင်္သာတ မြို့ခံများက မဲပေးခဲ့ကြပြီး ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ဆက်လက်လုပ်ဆောင်မှုများ နှောင့်နှေး ကြန့်ကြာနေကြောင်း သိရသည်။

ဆန္ဒထုတ်ဖော် သူများသည် မြို့လယ် သင်္ချိုင်းဟောင်းကို ပန်းခြံပြုလုပ် ခွင့်ပေးရေး၊ ဘာသာပေါင်းစုံ ကလေးများ အနာဂတ်အတွက် ပန်းခြံပြုလုပ်ခွင့်ရရေး၊ စည်ပင်ဥပဒေကို တိုင်းဒေသကြီးအစိုးရ ချက်ချင်း အကောင်အထည်ဖော်ပေးရေး စသည်တို့ကို ကြွေးကြော်ကာ နံနက် ၇ နာရီမှ ၁ဝ နာရီထိ ဟင်္သာတမြို့ ဦးပါရဲဘုရားဝင်းမှ စတင်ကာ မြို့အနှံ့လှည့်လည်ပြီး ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger