www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 11, 2018

သောက်သုံးရေ ရှားပါးလျက်ရှိသည့် မြို့သစ်မြို့နယ်၊ မကြီးကုန်းကြီးကျေးရွာသို့ သောက်သုံးရေကန်နှင့်စက်ပစ္စည်းများလှူဒါန်း


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်း၊ ပြင်ဦးလွင်တပ်နယ်မှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သောက်သုံးရေကန်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ်။

နေပြည်တော် ၁၁-၅-၂ဝ၁၈

နှစ်စဉ် နွေရာသီတွင် သောက်သုံးရေရှားပါးလျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ မကြီး ကုန်းကြီး ကျေးရွာ၌ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၁) တတိယနှစ် ဗိုလ်လောင်းများက ငွေအား၊ လုပ်အားဖြင့် ဆောင်ရွက်လှူဒါန်းခဲ့သည့် သောက်သုံးရေကန်နှင့် စက်ပစ္စည်းများအားကျေးရွာသို့လွှဲပြောင်း ပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၌ပြုလုပ်သည်။

ဦးစွာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းက အမှာစကား ပြောကြားပြီး သောက်သုံး ရေကန်နှင့် ဆိုင်သော လွှဲအပ်လွှာ မှတ်တမ်းအား ပေးအပ်ရာ ရပ်မိရပ်ဖတစ်ဦးက လက်ခံရယူ၍ ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းမှူး၊ ပြင်ဦးလွင်တပ်နယ်မှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သောက်သုံးရေ ကန်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ အဆိုပါ မကြီးကုန်းကြီးကျေးရွာသည် မကွေးမြို့မှ ၄၂ မိုင်ခန့်ကွာဝေးပြီး သောက်သုံးရေ လုံလောက်စွာ မရရှိသည့် အတွက် စစ်တက္ကသိုလ် တတိယနှစ် ဗိုလ်လောင်းများက ကျေးရွာ၏မြောက်ဘက် ပေ ၉ဝဝ ခန့်အကွာရှိ ရေတွင်းမှ ရေကို ကျေးရွာသို့ရောက်ရှိရန် မြေအောက်ရေပိုက်လိုင်း တူးဖော်သွယ်တန်းပေးခြင်း၊ ကျေးရွာမှ ရေတွင်းအထိ မီးလိုင်းသွယ်တန်းပြီး ရေစုပ်မော်တာတပ်ဆင်ပေးခြင်းနှင့် ရေဂါလန် ၄၅ဝဝ ဆံ့သောက်သုံးရေကန် ဆောက်လုပ်ပေးခြင်း စသည့်လုပ်အားဒါနအပြင် ၎င်းတို့၏ စုပေါင်းလှူဒါန်းငွေကျပ် ၅၄ သိန်းကျော်ဖြင့် တည်ဆောက်လှူဒါန်းပေးခြင်းဖြစ်ရာ ကျေးရွာရှိလူဦးရေ ၃၆၆ဝ ဦးအတွက် သောက်သုံးရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ကျေးရွာ၏အရှေ့မြောက်ဘက်ရှိ ရေဂါလန် ၃၈ သိန်းဆံ့ မြေသားရေကန်အား ဗိုလ်လောင်းများက ပြန်လည်တူးဖော် ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည်ကိုတိုင်းမှူးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ် သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ အဆိုပါကျေးရွာအတွင်း စက်ရေတွင်းတစ်တွင်း ထပ်မံတူးဖော်ရန်အတွက် အလှူငွေ ပေးအပ်ပွဲနှင့် စက်ရေတွင်း စတင်တူးဖော်ခြင်းကိုပြုလုပ်ရာ တိုင်းမှူးနှင့်အလှူရှင်များက အလှူငွေကျပ် ၁၁၅သိန်းနှင့် စက်ရေ တွင်း တူးဖော်ရန် မြေနေရာကို လှူဒါန်းကြရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

၎င်းနောက် တိုင်းမှူးက စက်ရေတွင်း စတင်တူးဖော်ရန် စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျေးရွာရှိ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ မကွေးတိုင်း ဒေသကြီး၊ မြင်ကွန်းတိုက်နယ်၊ မြင်ကွန်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း ၌လည်း တိုင်းစစ်ဌာနချုပ် မိသားစုများက လှူဒါန်းသည့် ငွေကျပ် ၂၇ သိန်းကျော်တန်ဖိုးရှိ စက်ရေတွင်း၊ ရေဂါလန် ၈ဝဝ ဆံ့ရေစင်နှင့် ရေပိုက်များ လွှဲပြောင်းပေးအပ်ခြင်းကို မေ ၉ရက် ညနေပိုင်းတွင် အဆိုပါ ကျောင်း၌ပြုလုပ်ခဲ့ပြီး တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့ကလည်း ကျေးရွာရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger