www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 10, 2018

ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ရေပြတ်လပ်နေသည့် လူဦးရေ ၃ဝဝ ကျော်အတွက် စိမ့်စမ်းရေသွယ်ယူကာ ရေရရှိရေး ဆောင်ရွက်မည်



ပင်လောင်း ၁ဝ-၅-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ရေပြတ်လပ်နေသည့် လူဦးရေ ၃ဝဝ ကျော်အတွက် ငွေကျပ်သိန်း ၂ဝ ကျော် အကုန်အကျခံ၍ စိမ့်စမ်းရေ သွယ်ယူကာ ရေရရှိရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပင်လောင်းမြို့နယ် တောင်ရိုးလူငယ် အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် နန်းမာန်ဒေသ ညောင်ပင်ကုန်းကျေးရွာ တွင်ယခုနှစ်နွေဥတုမှ စတင်၍ ရေပြတ်လပ်ခဲ့ပြီး ကျေးရွာရှိ အိမ်ထောင်စု ၄၉စုမှလူဦးရေ ၃၂၈ဦးသည် လက်ရှိတွင် ရေပြတ်လပ်မှုဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရသည့်အတွက် ငွေကျပ်သိန်း ၂ဝကျော် အကုန်အကျခံကာ စိမ့်စမ်းရေ စတင်သွယ်ယူရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ ခေါင်းဆောင်ကို အောင်ဆန်းက ပြောပြသည်။

ရေရှည် ရေရရှိရေးအတွက် ပင်းတယမြို့နယ် အတွင်းရှိ ခမ်းပါ မူရွာ၌လည်း အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် ရေဂါလန် တစ်သိန်းခွဲဆံ့ ရေလှောင်ကန်တစ်ခုကို ငွေကျပ်သိန်း ၂ဝဝ ခန့်သုံးစွဲ၍ တည်ဆောက်သွား မည်ဖြစ်ပြီးရှမ်းပြည်နယ် (တောင်ပိုင်း)၌ လက်ရှိတွင် ကျေးရွာ ၉ဝ ကျော် ရေရှည်ရေရရှိရေး စီမံကိန်းများကို ဆောင်ရွက်ပေးထား နိုင်ခဲ့ကြောင်း သိရသည်။

ကျေးရွာများ၏ ရေပြတ်လပ်မှု အခြေအနေကို သက်ဆိုင်ရာဌာန များသို့ တင်ပြထားသော်လည်း တုံ့ပြန်မှုမရှိသေးဘဲ ရေရှားပါးမှု ကြုံတွေ့နေရသည့် ကျေးရွာများအတွက် ပံ့ပိုးကူညီ လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် တောင်ရိုးလူငယ် အထောက်အကူ ပြုအဖွဲ့ခေါင်းဆောင် ကိုအောင်ဆန်း ဖုန်း-ဝ၉ ၄၂၂၅၁၇ဝ၅၃သို့ ဆက်သွယ်နိုင်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger