www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 29, 2018

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် အားလက်ခံတွေ့ဆုံ


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိ ပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Virginia Gamba ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၂၉-၅-၂ဝ၁၈

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်းသည် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ် စားလှယ် Ms.Virginia Gamba ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ် များနှင့်လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် နှင့်အတူ ပူးတွဲဥက္ကဋ္ဌ Mr.Knut Ostby နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် အရွယ်မရောက် သေးသူကလေး သူငယ်များအား လက်နက်ကိုင် ပဋိပက္ခများတွင် ပါဝင်မှုမရှိစေရေး ဆိုင်ရာကိစ္စရပ်များ၊ ကုလသမဂ္ဂ၏ ငယ်ရွယ်သူကလေး စစ်သားများ အသုံးပြုသည့် နိုင်ငံစာရင်းမှပယ်ဖျက်မှု ရရှိရန်အတွက် UNCTFMR (United Nations Country Task Force on Monitoring and Reporting) ဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် Plan of Action အဆုံးသတ်နိုင်ရန် ဆောင်ရွက်ရန် ကျန်ကိစ္စရပ်များ အခြေအနေ၊ Plan of Action သဘောတူစာချုပ် ချုပ်ဆိုပြီးသည့် အချိန်မှစတင်၍ Action Plan များအတိုင်း ဆက်လက်ဆောင်ရွက် လျက်ရှိမှု၊ တပ်မတော်အနေဖြင့် ငယ်ရွယ်သူကလေး စစ်သားများအသုံးပြုမှု ထပ်မံဖြစ်ပွားမှုမရှိရေး ပညာပေးကာကွယ်မှု နှင့်အကောင်အထည် ဖော်လေ့ကျင့် ပေးနေမှု အခြေအနေများ၊ ကလေးသူငယ်များ ဆိုင်ရာ ပဋိပက္ခများနှင့် အသုံးချမှုများမှ ကာကွယ်တားဆီးပေးသည့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေတစ်ရပ် အမြန်ဆုံးဖြစ်ထွန်း ပေါ်ပေါက်လာရေး နိုင်ငံတော်အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်းနှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Virginia Gamba တို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger