www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 21, 2018

မြန်မာတစ်နိုင်ငံလုံးတွင် တရားဝင်မှတ်ပုံတင် ထားသော ပုဂ္ဂလိကကုန်တင်ယာဉ် ၃၇၄၂ ၇ စီးဖြင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေ



ရန်ကုန် ၂၁-၅-၂ဝ၁၈

မြန်မာတစ်နိုင်ငံလုံးတွင် တရားဝင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက ကုန်တင်ယာဉ် ၃၇၄၂၈၇ စီးဖြင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း၏ သတင်းများအရ သိရသည်။

ယခုအခါ ပြည်တွင်းခရီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေလာ၍ ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာမှုနှင့် ဆက်နွှယ်ကာ ပြည်တွင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်က တရားဝင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်အစီးရေ ၁၂၄၅၉၇ စီးသာရှိနေခဲ့ရာမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကုန်စည် ပို့ဆောင်ရေး မော်တော်ယာဉ် အစီးရေ ၃၇၄၂၈၇ စီးထိ တိုးတက်လာခဲ့သည်။

အဆိုပါ ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များတွင် ဝန်ပေါ့ကုန်တင်ယာဉ် ၃၁၃၇၈၆ စီးနှင့် ဝန်လေးကုန်တင်ယာဉ် ၆ဝ၅ဝ၁ စီးပါဝင်သည်။ အဆိုပါ ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် ဝန်ပေါ့ကုန်တင်ယာဉ် ၁၃ဝ၉၄၃စီးနှင့် ဝန်လေးကုန်တင်ယာဉ် ၁၇၇၂၉စီးရှိနေပြီး မန္တလေးတိုင်း ဒေသကြီးတွင် ဝန်ပေါ့ကုန်တင်ယာဉ် ၁၁ဝ၃၁၁ စီးနှင့် ဝန်လေးကုန်တင်ယာဉ် ၁၆၁၈၉စီးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ အသိုက်အဝန်း အစီအစဉ်တွင်ပါဝင် ဆောင်ရွက်သွားမည် ဖြစ်သဖြင့် မြန်မာ့ကုန်စည် ပို့ဆောင်ရေး ကဏ္ဍမှာ ဆက်လက်တိုးတက် လာမည်ဖြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger