www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 4, 2018

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှုနှင့် မြိတ်တပ်နယ်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေး


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိကြီးများ၊ အရာရှိများနှင့်တွေ့ဆုံစဉ်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တိုင်းစစ်ဌာနချုပ်ရှိ မွေးမြူရေးခြံအတွင်း ဥစားကြက်များ မွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးစဉ်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တိုင်းစစ်ဌာနချုပ် ရာသီသီးနှံစိုက်ခင်းအတွင်း ကြည့်ရှုစစ်ဆေးစဉ်။

နေပြည်တော် ၄-၅-၂ဝ၁၈

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တပ်မတော်အရာရှိ ကြီးများလိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိကြပြီး နယ်မြေလုံခြုံရေး ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် မြိတ်တပ်နယ် အတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိကြီးများနှင့် အရာရှိများနှင့် တွေ့ဆုံ၍ တိုင်းမှူးဗိုလ်ချုပ် ၀င်းမင်းထွန်းနှင့် တာဝန်ရှိသူများက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး၊ စည်းရုံးရေး ဆိုင်ရာများဆောင်ရွက် နေမှုအခြေအနေ များအား ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှု များအပေါ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များအား သေချာစွာမှတ်တမ်း ထားရှိပြီးစဉ်ဆက် မပြတ်ပြန်လည်သုံးသပ်၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေး၊ တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအချက်များအား စည်းရုံးရေးနယ်မြေရှိ ပြည်သူလူထုမှ နားလည်သဘောပေါက် ပြီးငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ယခုထက်ပိုမိုပူးပေါင်း ပါဝင်လာနိုင်စေရေး ဆောင်ရွက်သွားရန် လိုအပ်သည့် ကိစ္စရပ်များ၊ တပ်မတော်၏ အမျိုးသား နိုင်ငံရေး ဆောင်ရွက်ချက်များ၊ သတင်းလုံခြုံမှု (CyberSecurity) ရှိစေရေးလိုက်နာ ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ တပ်မိသားစုဝင်များ၏ စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များအား မှာကြားသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ် ရာသီသီးနှံ စိုက်ခင်းနှင့် မွေးမြူရေးခြံအတွင်း ဥစားကြက်များမွေးမြူ ထားရှိမှုများအား ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးသည်။ ယင်းနောက်နယ်မြေခံ တပ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger