www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 3, 2018

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း ဧပြီနောက်ဆုံးပတ်က လင်းပိုင်သားပေါက် တစ်ကောင်တွေ့ရှိ



မန္တလေး ၃-၅-၂ဝ၁၈

မင်းကွန်း- ကျောက်မြောင်းကြား ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း ဧပြီ နောက်ဆုံးပတ်က လင်းပိုင်သား ပေါက်တစ်ကောင် တွေ့ရှိကြောင်း လင်းပိုင် ထိန်းသိမ်းရေး ဧရိယာရှိ ရေလုပ်သား ခေါင်းဆောင် ဦးမောင်လေးထံမှ သိရသည်။ အဆိုပါ လင်းပိုင်သားပေါက်ကို လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ ဝက်လက်မြို့နယ် အင်တောင်းကျေးရွာ အနီးဧရာဝတီမြစ်၌ တွေ့ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနက ယနေ့တွင် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

''ဒီနှစ် စစ်တမ်းကောက်ယူမှုအရ ထိန်းသိမ်းရေး ဧရိယာထဲမှာ လင်းပိုင် သားပေါက်ရှိတာ မတွေ့ရဘူး။ ရေလုပ်သားတွေ ပြောသလို သားပေါက်တစ်ကောင် တွေ့တယ်ဆိုရင် ဒါက ဒီနှစ်ထဲမှာ ပေါက်တဲ့ အကောင်ဖြစ်မှာပါ'' ဟု ငါးလုပ်ငန်း ဦးစီးဌာန လင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံ ဦးဟန်ဝင်းက ပြောသည်။

မျိုးသုဉ်းပျောက်ကွယ် လုနီးပါးဖြစ်နေသော ဧရာဝတီလင်းပိုင်များကို ၂ဝဝ၂ ခုနှစ်မှစတင်၍ နှစ်စဉ် ဖေဖော်ဝါရီလ များတွင် ငါးလုပ်ငန်း ဦးစီးဌာနက စစ်တမ်းကောက်ယူခြင်းနှင့် ဒေသခံများအား အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယခုနှစ် စစ်တမ်းကောက်ယူမှုတွင် လင်းပိုင် ၇၆ကောင်တွေ့ရှိရာ ၁၆နှစ်အတွင်း စံချိန်တင် တွေ့ရှိခြင်းဖြစ်သည်။ ယခုနှစ် စစ်တမ်း ကောက်ယူမှုတွင် မန္တလေးမှ ဗန်းမော် အထိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် တွေ့ရှိခဲ့သည့် လင်းပိုင် ၇၆ကောင်တွင် သားပေါက်သုံးကောင် ပါဝင်လာကာ ထိန်းသိမ်းရေး ဧရိယာ မင်းကွန်း- ကျောက်မြောင်း ကြား တွင် လင်းပိုင် ၂၆ကောင် နေထိုင်နေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger