www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 9, 2018

တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ်ခုမှ အိမ်ပေါင်းခြောက်သောင်း ကျော်ကို တစ်အိမ်သုံး ဆိုလာစနစ်များ တပ်ဆင်သွားမည်



နေပြည်တော် ၉-၅-၂ဝ၁၈

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် NEP စီမံကိန်းအရ International Competitive Bidding -ICB နည်းလမ်းအတိုင်း ဆောင်ရွက်ရာတွင် ICB S&I-DRD-1 အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခုမှ အိမ်ပေါင်း ၆၇၃၅၇ အိမ်ကို တစ်အိမ်သုံး ဆိုလာစနစ်များ တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှစ၍ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း NEP ၏ တစ်အိမ်သုံးဆိုလာ မီးလင်းရေးစနစ် လုပ်ငန်းများကို 1International Competitive Bidding -ICB နည်းလမ်းအတိုင်း ဆောင်ရွက်ခဲ့ရာ ယခုနှစ်၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်ထိ ICB-1၊ ICB-2၊ ICB-3 နှင့် ICB-DRD-1 အဖြစ်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်လည်း ICB S&I-DRD-1 နှင့် ICB S&I-3ဟူ၍ အပိုင်းနှစ်ပိုင်းခွဲ၍ တစ်အိမ်သုံးဆိုလာ စနစ်မီးလင်းရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်၏ ပထမအပိုင်းဖြစ်သည့် ICB S&I-DRD-1 ကို တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခု ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနယ်မြေ၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ အိမ်ပေါင်း ၆၇၃၅၇ အိမ်ကို တစ်အိမ်သုံး ဆိုလာစနစ်များ တပ်ဆပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကာ Lot ငါးခုခွဲ၍ ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။

NEP စီမံကိန်းအရ လာမည့် ၂ဝ၃ဝ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်းလုံးတွင် လျှပ်စစ်မီးလင်းရေးအတွက် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်တွင် ကျေးရွာပေါင်း၂၇ဝ၈ ရွာ၊ အိမ်ခြေပေါင်း တစ်သိန်းခွဲ ခန့်တွင် တစ်အိမ်သုံးဆိုလာ စနစ်မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် လက်ရှိချိန်ထိ တစ်အိမ်သုံး ဆိုလာတပ်ဆင် ဆဲအနေဖြင့် အိမ်ခြေပေါင်း ကိုးသောင်းခန့်နှင့် ကျေးရွာပေါင်း ၁၃ဝဝ ခန့်တပ်ဆင်လျက်ရှိကြောင်း၊ အဆိုပါမီးလင်းရေး ဆောင်ရွက်သည့် ကျေးရွာများ အနေဖြင့် NEP စီမံကိန်းပါ လုပ်ငန်းစဉ်များအရ ၎င်းတို့ရွာ၏ အများပြည်သူနှင့် သက်ဆိုင်သော ဘာသာရေးအဆောက် အအုံများ၊ စာသင်ကျောင်း များနှင့် လမ်းမီးများအတွက် အခမဲ့ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger