www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 7, 2018

ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ခရီးသည်တင် မှန်လုံယာဉ်နှင့် ပါရာဒိုယာဉ်တိုက်မှု ဖြစ်ပွား



အင်းတော် ၇-၅-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးရဲစခန်းပိုင် နယ်မြေ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် မျက်နှာချင်းဆိုင် မောင်းနှင်လာသော ခရီးသည်တင် မှန်လုံယာဉ်နှင့် ပါရာဒိုယာဉ် အရှိန်လွန်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်လူးရဲစခန်း ပိုင်နယ်မြေ စည်းမော်ကျေးရွာ ရွှေဘို-မြစ်ကြီး နားကားလမ်း မိုင်တိုင်အမှတ် ၁၆၁ ကီလိုမီတာနှင့် ၁၆၂ကီလိုမီတာ ကြားတွင် မေ ၅ ရက် မွန်းလွဲ ၁၂နာရီ မိနစ်၃ဝခန့်က ပြင်ဦးလွင်မှ ဖားကန့်သို့ သက်နိုင်စိုး မောင်းနှင်လာသော PRADO 2D/---- အစိမ်းရောင်ယာဉ်နှင့် ဖားကန့်မှ မန္တလေးသို့ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးအတိုင်း ယာဉ်မောင်း ထွန်းထွန်းဝင်း မောင်းနှင်လာသည့် CARAYAM MGY-9H/ ----အဖြူရောင်ရတနာဖားကန့် ခရီးသည်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ခရီးသည်တင် မှန်လုံယာဉ်က တစ်ဖက်ယာဉ်ကြောသို့ ဝင်ရောက်၍ PRADO ယာဉ် ရှေ့ခေါင်းဝဲဘက်ခြမ်းကို တိုက်မိသဖြင့် အဆိုပါခရီးသည်တင် ယာဉ်ပ်ါလိုက်ပါ လာသော ဦးထွန်းလွင်တွင် ဝဲအပေါ်နှုတ်ခမ်း တစ်လက်မပေါက်ပြဲ ဒဏ်ရာ၊ ဇော်လင်းကိုတွင် နဖူးလယ် တစ်လက်မပေါက်ပြဲ၊ နှာခေါင်းအလယ်ပွန်းပဲ့ဒဏ်ရာ၊ ဦးစိုးဝင်းတွင် နှာခေါင်းအလယ် ပွန်းပဲ့ဒဏ်ရာ၊ မင်းဇော်ဦးတွင် ယာခြေမပွန်းပဲ့၊ ခြေသည်းခွံလန်ထွက်၊ ဝဲခြေချင်းဝတ် နာကျင်ဒဏ်ရာ၊ ဇော်မင်းခန့်တွင် ယာချိုစောင်းပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ထွန်းထွန်းဝင်းကို မော်လူးနယ်မြေရဲစခန်းက ယာဉ်(ပ) ၁/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၃၇/၃၃၈/၄၂၇ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger