www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 3, 2018

နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ကျင်းပ


ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နယ်စပ်ရေးရာဝန်ကြီး ဌာန၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေးတွင် 
အမှာစကားပြောကြားစဉ်။

နေပြည်တော် ၃-၄-၂ဝ၁၈

နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအပေါ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပသည်။ အခမ်းအနားသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဒေသများမှ ဦးစီးဥက္ကဋ္ဌများနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန အောက်ရှိဦးစီး ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဖက်ဒရယ်စနစ်ကို အခြေခံသော ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရာတွင် တိုင်းရင်းသားတစ်ဦးနှင့်တစ်ဦး သံသယမထား ဘဲယုံကြည်မှုအပြည့်ဖြင့် စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စေရေး ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရင့်ကျက် စေရေးအတွက် တစ်နိုင်ငံလုံးအကြားအလပ်မရှိ တစ်ပြေးညီဖွံ့ဖြိုး တိုးတက်စေရေး အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးရန်လိုအပ် ပါကြောင်း။ နိုင်ငံတော်၏ အန္တိမရည်မှန်းချက် ဖြစ်သော ထာဝရငြိမ်းချမ်းရေး ရရှိရေး၊ နယ်စပ်ဒေသများ အပါအဝင် တစ်နိုင်ငံလုံး၌ တည်ငြိမ် အေးချမ်းရေးနှင့် အကြားအလပ်မရှိ တစ်ပြေးညီ ဖွံ့ဖြိုးရေးအတွက် နယ်စပ်ရေးရာဝန်ကြီး ဌာန၏ လုပ်ငန်းစဉ်များသည် အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်သဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းများ ခွင့်ပြုရန်ပုံငွေနှင့် အညီအရည်အသွေး၊ စံချိန်စံညွှန်းများ ကိုက်ညီစေရေး စစ်ဆေးကြပ်မတ် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ပေးကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် အစီအစဉ် အရဝန်ကြီးဌာန လက်အောက်ရှိဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်များက ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ဆောင်ရွက်ကြမည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အသေးစိတ်ရှင်းလင်း တင်ပြကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌများက မိမိတို့ဒေသအလိုက် ဆောင်ရွက်ကြမည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ လိုအပ်ချက်များ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် နယ်စပ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ များက ဝိုင်းဝန်းပါဝင် ကူညီဆောင်ရွက်ပေးရာတွင် လိုက်နာသင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger