နေပြည်တော် ၃ဝ-၄-၂ဝ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ ကွန်လုံကျေးရွာအနီး၌ တရားမဝင် သစ်တင်ယာဉ်များ ရပ်တန့်ထားကြောင်း သတင်းအရ ယနေ့နံနက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာကွန်လုံ ကျေးရွာအထွက် နတ်စင်အနီး၌ ရပ်တန့်ထားသည့် ယမ်းဖောင်အမျိုးအစား ခြောက်ဘီးယာဉ် သုံးစီးပေါ်တွင် တင်ဆောင်ထားသော တရားမဝင်ကျွန်းသစ် လုံးနှင့် ပိတောက်ဓားရွေတုံး ဆိုဒ်စုံတန် ၃ဝခန့်ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
အလားတူ ယနေ့ညနေပိုင်းတွင် ဟိုနားကျေးရွာ အနီး၌ ရပ်တန့်ထားသော သစ်တင်ယာဉ် ၁၁ စီးကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။
အဆိုပါ မော်တော်ယာဉ်များနှင့် တရားမဝင် သစ်များကို နမ့်ခမ်းမြို့နယ် သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment