www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 6, 2018

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေးစကား ပြောကြား



ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း 
ဗထူးတပ်နယ်ရှိ နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေးစကား
 ပြောကြားစဉ်။

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗထူးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်စဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗထူးတပ်နယ်ရှိ နယ်မြေခံတပ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်စဉ်။

နေပြည်တော် ၆-၄-၂ဝ၁၈

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နေ့လယ်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ဗထူးတပ်နယ်၊ နောင်ဝိုးကျေးရွာအုပ်စုနှင့် အင်တောမြို့တို့သို့ လှည့်လည်၍ နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

တွေ့ဆုံပွဲများသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

တွေ့ဆုံပွဲများတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က တပ်အလိုက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် တပ်တည်ဆောက်ရေး လုပ်ငန်းတာဝန်ကြီးများ လက်တွေ့ကျကျမည်သို့ အကောင်အထည်ဖော်နေကြသည်ကို သိရှိလိုခြင်းနှင့် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောက်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း ဦးစွာပြောကြားပြီး တပ်နယ်မြေများသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့မှ စာချုပ်ပါ အချက်အလက်များအပေါ် လိုက်နာမှုအားနည်းပြီး နယ်မြေကျော်လွန် ၀င်/ထွက်နေသည့် ဆက်စပ်နယ်မြေဖြစ်သဖြင့် ၎င်းအဖွဲ့များ NCA သဘောတူညီချက် များအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး နယ်မြေခံပြည်သူလူထုမှတစ်ဆင့် စည်းရုံးဆောင်ရွက်ရန် လိုအပ်မည့် ကိစ္စရပ်များ၊ တပ်တွင်းစည်းလုံးညီညွတ်ရေးအား ရေပက်မ၀င်သည်အထိ ကျစ်လစ်ခိုင်မာစွာတည်ဆောက်၍ ဆက်လက်လုပ်ဆောင်ရန်လိုအပ်မည့် လက်တွေ့နှင့်လက်တွေ့မပါသော တပ်ပြင်စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်ရာတွင် လိုက်နာကျင့်သုံးရန်လိုအပ်သည့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Engagement) နှင့် ဂျနီဗာကွန်းဗင်းရှင်းဆိုင်ရာကိစ္စရပ်များ၊ တရားမ၀င် သစ်မှောင်ခိုလုပ်ငန်းနှင့် မူးယစ်ဆေးဝါးကိစ္စတို့တွင် စစ်သည်နှင့်မှီခိုများ ပါဝင်ပတ်သက်မှု လုံးဝမရှိစေရေးအပါအ၀င် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၌ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများသို့ ဦးဆောင်အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များအား အသေးစိတ်မှာကြားသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးဆိုင်ရာကိစ္စရပ်များ၊ တပ်နှင့်ပတ်သက်၍ လိုအပ်ချက်များ၊ စစ်သည်၊ ရဲမေ တစ်ဦးချင်းစီ၏ အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ မေးမြန်းညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲများအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဇနီး ဒေါ်သန်းသန်းနွယ် နှင့် ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၏ ဇနီးတို့က တပ်နယ်မှ မူကြိုကလေးငယ်များအတွက် ကျန်းမာသန်စွမ်းမှုနှင့် ဥာဏ်ရည်ထက်မြက်စေရေး ဖြည့်စွက်အာဟာရ ကျွေးမွေးရန် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ရယူကြသည်။ ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောတို့က သုတ/ရသ စာအုပ်စာစောင်များ၊ စားသောက်ဖွယ်ရာများနှင့် အားကစားပစ္စည်းများကို အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသော နယ်မြေခံတပ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်နယ်အလိုက် မွေးမြူရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger