www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 6, 2018

ယခုနှစ်အတွင်း အီတလီနိုင်ငံသို့ စိန်တစ်လုံးသရက်သီး တင်ပို့မည်



ရန်ကုန် ၆-၃-၂ဝ၁၈

မြန်မာနိုင်ငံမှ ပြည်ပသို့ စိန်တစ်လုံး သရက်သီးတင်ပို့ ရောင်းချနေသော မြန်မာရွှေသစ်သီး ဝလံကုမ္ပဏီ လီမိတက်မှ ယခုနှစ်တွင် ပြည်ပဈေးကွက် သစ်အနေဖြင့် အီတလီနိုင်ငံသို့ တင်ပို့ရောင်းချမည် ဖြစ်ကြောင်း
မြန်မာရွှေသစ်သီး ဝလံကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ဦးစိုင်းအောင်ကျော်ထံမှ သိရသည်။

ယခုနှစ်အတွင်း စိန်တစ်လုံး သရက်သီးကို ပြည်ပဈေးကွက်သစ် အနေဖြင့် အီတလီနိုင်ငံသို့ တင်ပို့နိုင်ရန် ပြီးခဲ့သည့်နှစ်က ယင်းနိုင်ငံမှ သစ်သီးကုန်သည်များနှင့် အစားအသောက်ထုတ်လုပ်သော ကုမ္ပဏီများသို့ အစမ်းတင်ပို့ ခဲ့ခြင်းဖြစ်သည်။

စိန်တစ်လုံး သရက်သီးကို ဧပြီလဆန်းပိုင်းမှစ၍ အီတလီနိုင်ငံသို့ ၎င်းတို့ဝယ်ယူရန် ကမ်းလှမ်းထားသော ပမာဏအတိုင်း ရောင်းချမည် ဖြစ်သည်။

''ဈေးကွက်သစ်အနေနဲ့ အီတလီနိုင်ငံကို စိန်တစ်လုံးသရက်သီး တင်ပို့ရောင်းချတာ အဆင်ပြေရင် ဥရောပနိုင်ငံတွေ ကိုလည်း ထပ်မံတင်ပို့ ရောင်းချနိုင်ဖို့ အီတလီနိုင်ငံက ကုန်သည်တွေနဲ့ စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေရဲ့ အကူအညီယူပြီး ဆောင်ရွက်မှာပါ။ ဥရောပနိုင်ငံတွေမှာ စိန်တစ်လုံး သရက်သီးကို ဈေးကွက် အခိုင်အမာရရှိမယ်လို့ မှန်းထားပါတယ်။ အီတလီနိုင်ငံကို စိန်တစ်လုံးသရက်သီး တင်ပို့ရာမှာ ဝယ်လိုအား ပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ် ရောင်းချမှာပါ'' ဟု ဦးစိုင်းအောင်ကျော်က ပြောသည်။

ယခုနှစ်အတွင်း စိန်တစ်လုံး သရက်သီးကို အီတလီနိုင်ငံအပြင် တရုတ်နှင့် စင်ကာပူ နိုင်ငံတို့သို့လည်း တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger